အခန်း(၆)

185 26 2
                                    

Unicode

"...ဟဲလို...မင်းအိမ်ပြန်ရောက်နေပြီလား..."

"...ကျွန်တော့်နံပါတ်ကို ဘယ်လိုရတာလဲ..."

"...ဒီလိုပါပဲ...ကိုယ်က အားလုံးကိုသိနိုင်တယ်လေ..."

"...ခင်ဗျား လာနောက်မနေနဲ့၊ ကျွန်တော်နဲ့ ဘာဇယားမှလည်း လာမရှုပ်ချင်နဲ့၊ ခင်ဗျားကငွေပေးတယ်၊ ကျုပ်က ခံပေးတယ်၊ ကိစ္စပြတ်ပြီ၊ ထပ်ပြီး ကျုပ်ကို မဆက်သွယ်နဲ့တော့၊ ဒါပဲ..."

အမှန်တော့ ကျွန်တော့်ခေါင်းထဲမှာ အဲ့လိုပြောပစ်ပြီး ဖုန်းချလိုက်မယ်၊ တစ်ခါထဲblockလိုက်မယ်လို့ တွေးနေတာပါ။ အဲ့တာက အတွေးနဲ့တင် ပျောက်သွားတယ်။ လက်တွေ့မှာ‌ေတာ့ ကျွန်တော် စကားတစ်လုံးမှမပြောနိုင်ဘူး။ ‌ဖုန်းကြီးကိုင်ပြီး ငုတ်တုတ်မေ့နေတာ။

"...ဟဲလို...မင်းရှိသေးလား...ဟဲလို...ပိုးဟပ်ဖြူလေး...ဟဲလို..."

"...အင်း...ရှိ...ရှိတယ်...ဘာလို့ဆက်တာလဲ..."

"...ဪ...ကိုယ်စားကောင်းတဲ့ ရေခဲမုန့်ဆိုင်တစ်ဆိုင် တွေ့ထားတယ်..."

"...ရေခဲမုန့်?..."

"...အင်း...မင်းဆီ လိပ်စာပို့ထားတယ်လေ၊ နေ့လည်၂နာရီ လာခဲ့..."

"...ကျွန်တော် မလာနိုင်ဘူး..."

"..."

"...ဟဲလို...ဟဲလို...ကျွန်တော် မလာဘူးလို့...ဟဲလို..."

တစ်ဖက်က ဘာသံမှမကြားရတော့ဘူးမှတ်တယ်။ သူက ဖုန်းချသွားပြီကိုး။ သူပြောချင်တာပြောပြီး အပိုင်ကွက်နဲ့ ပိုင်းသွားတာပဲ။ ဘယ်လောက်ချမ်းသာပြီး ဘယ်‌လိုတွေတောင် လူတစ်ကာက သူ့အလိုကျဖြစ်နေလို့ အဲ့လောက် ပိုင်စိုးပိုင်နင်းဆန်နေရတာလဲမသိ။ အဲ့လိုလူမျိုးကိုမှ ခံစားချက်ကရှိချင်ချင်ဖြစ်နေတဲ့ ကျွန်တော်ကိုက ဝဋ်ကြွေးတွေမကုန်သေးတာနဲ့ တူပါတယ်။

ဝဋ်ကြွေးလို့စဉ်းစားမိကာမှ ဒီတစ်ပတ်ကျရင် ဘုရားကျောင်းသွားတက်ရဦးမှာပဲ။ ဘုရားကျောင်းမရောက်ဖြစ်တာ အတော်တောင်ကြာနေပြီမဟုတ်လား။ ပြောရရင် နှစ်လသုံးလလောက်တောင် ရှိတော့မယ်ထင်တယ်။ ဒီကြားထဲမှာ စုပုံနေတဲ့အပြစ်တွေကို တစ်ရက်ထဲနဲ့တောင် ဖြေလို့ရပါ့မလားပဲ။ ဖာသာကတော့ ကျွန်တော့်ကို ပြောထားပါတယ်။ ဘုရားသခင်က ကျွန်တော့်အတွက် ဘုရားကျောင်းတံခါးကို အမြဲဖွင့်ပေးထားပါတယ်တဲ့လေ။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now