အခန်း(၂၉)

127 19 0
                                    

"...ဆရာ..."

အခန်းထဲကို ဝင်လာတဲ့ လူစိမ်းတစ်ယောက်ရဲ့ ခပ်အုပ်အုပ်အသံ။ အဲ့လူက ဦးညီလွင်အောင်ရဲ့ တပည့်တပန်းတစ်ယောက်ယောက်ဖြစ်လိမ့်မယ်။ ကိစ္စတစ်ခုခုရှိလို့ သူ့ဆရာကိုလာအချက်ပြတဲ့ပုံပဲ။

ဦးညီလွင်အောင်က ကျွန်တော့်ပါးကိုညှစ်ထားရာကနေ လွှတ်ချပစ်လိုက်ပြီး အဲ့လူကိုလှည့်ပြောလိုက်တယ်။

"... ဒီကောင့်ကို သေချာစောင့်ကြည့်ထား ..."

"... ဟုတ်ကဲ့ပါ ဆရာ..."

အဲ့လိုနဲ့ ဦီးညီလွင်အောင်က သူ့ရဲ့လူဝက်ခန္ဓာကြီးကို လေးဖင့်ဖင့်သယ်ပြီး အခန်းထဲကနေထွက်သွားတော့တယ်။ အခန်းထဲမှာ ကျွန်တော်ရယ်၊ အဲ့လူရယ်ပဲ ကျန်ရစ်ခဲ့တော့တာ‌ေပါ့။

ကျွန်တော် ဒေါသထွက်နေသေးပေမဲ့ ဆက်တော့မရုန်းကန်နေတော့ဘူး။ အတင်းရုန်းနေလို့ ဒီအချုပ်အနှောင်တွေကနေ လွတ်မှာမဟုတ်ဘူး။ ဉာဏ်ကိုလွှာသုံးမှပဲရမှာ။ ခုချိန်ထိကျွန်တော့်ကို မသတ်သေးဘူးဆိုတော့ ဒီလူ ကျွန်တော့်ကို အသုံးချစရာ ကျိန်းသေပေါက်ရှိနေလို့ပဲမဟုတ်လား။

ကျွန်တော် အခန်းတစ်ဝိုက်အကဲခတ်လိုက်တယ်။ အခန်းထဲမှာ လေသာပြတင်းလေးတစ်ခုရှိတယ်။ ဒါပေမဲ့ လူတစ်ယောက် အဝင်အထွက်လုပ်ရလောက်အောင်ထိ မကျယ်ဘူး။ အခန်းထဲမှာ ကုတင်ကလွဲရင် ဘာပစ္စည်းမှရှိမနေဘူး။ အဲ...ဒရစ်ချိတ်ထားတဲ့ ဆေးပစ္စည်းတွေတော့ရှိတာပေါ့လေ။

ဟိုလူက အခန်းထောင့်မှာရပ်ပြီး ကျွန်တော့်ကို မျက်တောင်မခတ်စတမ်းကို အသေအချာစောင့်ကြည့်နေတာ။ ကျွန်တော်မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရတယ်။ ဒီပုံတိုင်းဆိုရင် သူတို့မလွှတ်ပေးသရွေ့ ကျွန်တော်လွတ်ဖို့ လမ်းစဆိုတာ မမြင်ရသလောက်ဖြစ်နေပြီ။

-------

တစ်နာရီခန့်ကြာပြီးနောက်...

...ဒိုင်း ဒိုင်း ဒိုင်း...

သေနတ်သံသုံးချက်ဆင့်ထွက်လာတယ်။ ကျွန်တော့်အခန်းရှေ့လောက်ကထင်တယ်။ အဲ့သေနတ်သံက ဘယ်သူ့ဆီကလာတာလဲ။ ကျွန်တော့်ကိုကယ်မဲ့လူလား။ ဒါမှမဟုတ် ရှင်းပစ်မဲ့လူလား။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now