အခန်း(၃၀)(Ending)

306 22 2
                                    

Unicode Version

"...ဇေယျာရေ...Table 8အတွက် Strawberry 1, Durain 2 ချပေးလိုက်ပါအုံး..."

"...ဟုတ်ကဲ့..."

"...ဆုဆု...Vanilla 1 takeaway ထပ်တိုး..."

"...ဟုတ်...ဟုတ်..."

ဒီနေ့က ဖေဖော်ဝါရီလ ၁၄ရက်နေ့‌။

ချစ်သူများနေ့ဆိုတော့ ဆိုင်ကိုလူအလာများနေတယ်။ဆုဆုတို့ဝန်ထမ်းတစ်သိုက်လဲ လက်မလည်အောင်ကို လုပ်နေကြရတာပေါ့။ orderတွေအလျင်မီရဖို့ ဆိုင်ရှင်ဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင်ပါ ဝင်ကူပေးနေရ‌တယ်လေ။

"...အကို နားနေပါ၊ ကျွန်တော်တို့ လုပ်လို့ရပါတယ်..."

အချိန်ပိုင်းစားပွဲထိုးလေးဖြစ်တဲ့ ဇေယျာလင်းက ကိုယ်တိုင်သယ်ပို့လုပ်နေတဲ့ကျွန်တော့်ကိုပြောရင်း တစ်ခါထဲ ကျွန်တော့်လက်ထဲက orderတွေကိုပါ လွှဲယူသွားလေရဲ့။

"...ဟုတ်သားပဲ ဘော့စ်ကလဲ၊ ကျွန်မတို့လုပ်လို့ရနေတဲ့ဟာကို..."

ဆုဆုကပါ ဝင်ကူပြောလိုက်တယ်။ ကျွန်တော်လဲ အလုပ်ဇောနဲ့ ဘယ်နှနာရီကြာမှန်းမသိ မတ်တပ်ရပ်နေတာကြာတော့ ခြေထောက်က မသက်မသာဖြစ်လာတာကြောင့် သူတို့စကားအတိုင်းနားထောင်လိုက်ရတယ်။

နှစ်တွေကြာသွားပေမဲ့ စတီးရိုးထည့်ထားရတဲ့ခြေထောက်က အရင်ကလို သန်သန်မြန်မြန်မဖြစ်နိုင်တော့တာတော့ အမှန်ပဲလေ။ အချိန်ကြာကြာရပ်တာဖြစ်ဖြစ်၊ ပြေးလွှားမိတာဖြစ်ဖြစ်၊ တစ်ခုခုကို ပြင်းပြင်းထန်ထန်လုပ်မိတိုင်း နေသာထိုင်သာမရှိလှဘူး။

ကျွန်တော် ဆိုင်ရဲ့ထောင့်ခုံတစ်ခုံမှာထိုင်လိုက်ပြီး ဆိုင်ထဲကို ဝေ့ဝဲကြည့်လိုက်တယ်။ ချစ်သူများနေ့နဲ့လိုက်ဖက်အောင် ပြင်ဆင်ထားတဲ့ အသည်းပုံပူဖောင်းလေးတွေ၊ နှင်းဆီပန်းလေးတွေ၊ အရုပ်လေးတွေ ဆိုင်တစ်ဆိုင်လုံးအနှံ့ရှိနေတယ်။ ကြည်ကြည်နူးနူး ရေခဲမုန့်လာစားကြတဲ့ အတွဲတွေကလဲ ဆိုင်အပြည့်ရှိနေကြတယ်။

ကျွန်တော်ခပ်ပါးပါးလေးပြုံးလိုက်မိတယ်။ နောက်ဆုံးတော့ ကျွန်တော့်အိပ်မက်တွေ လက်တွေ့ဖြစ်လာခဲ့ပြီလေ။ ရေခဲမုန့်သိပ်ကြိုက်တတ်တဲ့ကျွန်တော့်မှာ တစ်နေ့ကျရင်ရေခဲမုန့်ဆိုင်ကောင်းကောင်းလေး ဖွင့်ချင်တယ်ဆိုတဲ့ အိပ်မက်တစ်ခုရှိခဲ့ဖူးတယ်။ ဘဝမှာ ရုန်းရင်းကန်ရင်း အဲ့အိပ်မက်ကိုမေ့နေခဲ့၊ မတွေးမိခဲ့၊ သတိမထားခဲ့မိရုံ။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now