အခန်း(၂၆)

108 17 0
                                    

Unicode Version

ညတုန်းက ညရိပ်ကို ငယ်ငယ်ကအကြောင်းတွေပြောရင်း မိုးမခခြံကြီးဆီ ခေါ်သွားမယ်လို့ ကျွန်တော်ပြောလိုက်တယ်။ ကျွန်တော် အဲ့ရောက်တော့မှပဲ ‌သူပျောက်သွားတဲ့နေ့ကအကြောင်းတွေကို ပြောပြဖို့ဆုံးဖြတ်လိုက်တယ်။ ညရိပ်က အနည်းငယ်စိုးရိမ်နေပေမဲ့ ကျွန်တော်ပြောတာကို လက်ခံပါတယ်။ အဲ့လိုနဲ့ပဲ ဒီမနက်မှာ ကျွန်တော်တို့ မိုးမခခြံဆီ ရောက်လာခဲ့ကြတော့တယ်။

"...လေးသိန်း...သူ့ကိုမှတ်မိသေးလား..."

ကားပေါ်က‌ဆင်းဆင်းချင်း ခြံစောင့်ဦးလေးသိန်းနဲ့ ညရိပ်ကိုမိတ်ဆက်ပေးလိုက်တယ်။ ဦးလေးသိန်းက ညရိပ်ကို အာရုံစိုက်ပြီးသေချာကြည့်လိုက်တယ်။ ခဏအကြာမှာတော့ မှတ်မိသွားတဲ့ပုံပဲ။ ဦးလေးသိန်းဟာ အံ့ဩတုန်ယင်စွာနဲ့ ညရိပ်ရဲ့ပုခုံးလေးကို ထိလိုက်တယ်။

"... ဒါ ... ဒီ...ကလေး...ဒီကလေးက...ညရိပ်...ညရိပ်လေးမဟုတ်လား..."

ဦးလေးသိန်းဟာ စကားကို မနည်းအားယူပြီး အဆုံးထိပြောလိုက်ရတယ်။ လွန်ခဲ့တဲ့၁၅နှစ်လောက်က သူကိုယ်တိုင်‌ခေါ်လာခဲ့တဲ့ကလေးလေးကို အခုချိန်ထိ အသေအချာမှတ်မိနေသေးတဲ့ ဦးလေးသိန်းရဲ့မှတ်ဉာဏ်ကတော့ ချီးကျူးစရာပါပဲ။

"...ညရိပ်...ဒါ လေးသိန်းပဲ၊ ကိုယ်မင်းကိုပြောပြထားတဲ့ ဦးလေးသိန်း..."

ကျွန်တော်က ညရိပ်ကိုရှင်းပြထားပြီးသားပါ။ ဦးလေးသိန်းက သူ့ကို ကျွန်တော့်အိမ်ဆီ ခေါ်လာခဲ့ကြောင်းကိုပေါ့။ အဲ့တော့ သူ့ရဲ့ဇစ်မြစ်ကိုသိရဖို့ ဦးလေးသိန်းဟာ အချက်အချာအကျဆုံးပုဂ္ဂိုလ်မှန်း ညရိပ်ကသိထားတာမို့ စိတ်လှုပ်ရှားနေမှာအမှန်ပဲ။

"...သခင်လေး ဘယ်လိုလုပ်ပြီးတော့များ ... ၊ အာ... မဟုတ်သေးဘူး... ညရိပ်လေး ဘယ်လိုလုပ်ပြီး...၊ ဒီလူအိုကြီးရဲ့အပြစ်တွေပါ ညရိပ်လေးရယ် ၊ လေးသိန်း သေချာမစောင့်ရှောက်နိုင်ခဲ့လို့..."

"...ကျွန်တော်...ဟို...ရပါတယ်ဗျ... အခုပြန်တွေ့ရပြီပဲလေ...နော်..."

ဦးလေးသိန်းက ညရိပ်ရဲ့ပုခုံးလေးကိုပုတ်ပြီး မျက်ရည်တွေဝေ့လာခဲ့တော့တယ်။ ညရိပ်ကို ခဏကြည့်နေပြီးနောက်မှာတော့ အပြစ်ရှိတဲ့လူတစ်ယောက်လို ခေါင်းငုံ့ထားပြီး ပြောနေတော့တာ။ ညရိပ်က အလုံးစုံမမှတ်မိသေးတော့ နားမလည့်တလည်ဖြစ်ပြီး အနေခက်နေပုံရတယ်။ ကျွန်တော်ကပဲ ဝင်ပြီးလမ်းကြောင်းလွှဲပေးလိုက်ရတယ်။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now