အခန်း(၁၄)

157 31 2
                                    

Unicode

"...N2N Clubကိစ္စ စုံစမ်းလို့ရပါပြီ ဆရာ..."

ကျွန်တော်ရုံးခန်းထဲရောက်ရောက်ချင်းမှာပဲ အယုံကြည်ရဆုံးလူယုံဖြစ်တဲ့ အတွင်းရေးမှူး Alexက ပြောလိုက်တယ်။ ကျွန်တော် ဟိုတစ်နေ့ညက clubမီးလောင်တဲ့ကိစ္စကို သူ့ကိုပဲစုံစမ်းခိုင်းထားတာ။ သူက အဖေရှိစဉ်ထဲက ကျွန်တော်တို့လုပ်ငန်းအတွက် အလုပ်လုပ်ပေးလာခဲ့သူတစ်ယောက်။

လင်းမာန်ဆိုတဲ့ ကျွန်တော့်ဘဝမှာ မရနိုင်တာမရှိ၊ မသိနိုင်တာမရှိ၊ မဖြစ်နိုင်တာမရှိ စတဲ့မရှိခြင်းကြီးသုံးပါးနဲ့ပြည့်စုံတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်ဟာ Victoria လုပ်ငန်းစုရဲ့ တစ်ဦးတည်းသောဆက်ခံသူဖြစ်နေလို့ပဲ။ ယာဉ်တိုက်မှုကြောင့် ဆုံးပါးသွားတဲ့ အဖေနဲ့အမေဟာ ကျွန်တော့်ကို တစ်သက်သုံးမကုန်တဲ့စည်းစိမ်တွေ ထားပေးခဲ့တယ်။ အဘွားဖြစ်သူက တစ်ဦးတည်းသော မြေးဦးယောက်ျားလေးဖြစ်တဲ့ ကျွန်တော့်ကို အင်မတန်အရေးပေးတယ်။

အဲ့တော့ ထားပါတော့။ ကျွန်တော်ကချမ်းသာတယ်ပေါ့။ ဘယ်ခွေးမှလူမထင်ဘူးဆိုတဲ့ အထာလည်းရှိသေးတယ်။ အဲ့တော့ သူများတွေကပြောကြတယ်။ ကျွန်တော်က မောက်မာတယ်ပေါ့။ မှန်ပါတယ်။ ကျွန်တော်က ချမ်းလည်းချမ်းသာတယ်၊ မောက်လဲမောက်မာတယ်။ အဲ့တာတွေက ကျွန်တော်ရသင့်လို့ရလာတဲ့ အခွင့်အရေးတွေပဲလေ။ ဘယ်သူ့မှုစရာလိုလို့လဲ။

အဲ့တာနဲ့ပဲ ကျွန်တော့်မှာ အားအားယားယား ရန်သူတွေပေါလာတယ်။ တကယ်ပါ၊ အားအားယားယား မနာလိုဖြစ်ကြတဲ့ရန်သူတွေပေါ့။ အဲ့ထဲမှာ ထိပ်ဆုံးစာရင်းကပါတာကတော့ ကျွန်တော့်အဖေရဲ့ ညီအရင်းခေါက်ခေါက်ဖြစ်တဲ့ ကျွန်တော့်ဦးလေးပဲ။ အဖေ့ဆီက အမွေတစ်ဖဲ့လောက်ပဲရလိုက်လို့၊ ကျွန်တော့်လက်အောက်ခံ ကုမ္ပဏီကိုပဲဦးစီးခွင့်ရလို့၊ အဘွားရဲ့အလေးထားမှုကိုလည်း ကျွန်တော်ပဲရလို့ စသဖြင့်သော အကြောင်းရင်းများကြောင့် ကျွန်တော့်အပေါ် အကြီးအကျယ်မနာလိုဖြစ်နေတဲ့ အရင်းနှီးဆုံးနဲ့အနီးကပ်ဆုံးရန်သူ။

သူက အပေါ်ယံဆားဖြူးဆက်ဆံရေးကတော့ သိပ်ကောင်းတာဗျ။ အဘွားရှေ့၊ ညီမလေးရှေ့ဆို ကျွန်တော်တို့တွေက သိပ်ချစ်ကြတဲ့တူအရီးတွေပေါ့။ နောက်ကွယ်ကျမှ တစ်ယောက်ခြေတစ်ယောက်စောင့်ကြည့်ရင်း လစ်တဲ့သူအငိုက်ကို ဖမ်းဖို့ကြံနေကြတာ။ အခုလည်း ဟိုတစ်နေ့ညက ကျွန်တော့်ကလပ်မှာဖြစ်တဲ့ မီးလောင်မှုနဲ့ပတ်သက်လို့ သူ့မသင်္ကာတာနဲ့ Alexကို တိတ်တိတ်လေး စုံစမ်းခိုင်းထားလိုက်တယ်‌။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Kde žijí příběhy. Začni objevovat