အခန်း(၁၀)

172 27 2
                                    

Unicode

ကျွန်တော့်နှလုံးကြီးကို ဒီထက်ပိုပြီး မြန်မြန်ခုန်မလာမိအောင် ဆွဲသာညှစ်ထားပစ်လိုက်ချင်‌တော့တယ်။ တကယ်ပြောတာပါ။ ကျွန်တော် ဘယ်သူ့ကိုမှ ထပ်ရင်မခုန်မိချင်‌ဘူး။ ဘယ်သူ့ကိုမှ ထပ်မစွဲလမ်းမိချင်ဘူး။ ဘယ်သူ့ကိုမှ ထပ်မချစ်မိချင်တော့ဘူး။

ကျွန်တော့်နှုတ်ခမ်းတွေကို ဆွဲယူစုပ်နမ်းလို့ဝတော့မှ သူက လွှတ်ပေးလိုက်တယ်။ နှုတ်ခမ်းတစ်ခုလုံးပူထူနေပြီ။ လူကလည်း အသက်ရှူမဝချင်သလိုဖြစ်လာတယ်။ ခြေထောက်တွေတောင် သိပ်မခိုင်ချင်တော့သလိုပဲ။

"...ကိုယ့်နာမည်ကို သိသွားပြီပေါ့...ပိုးဟပ်ဖြူလေး..."

ခုနက လူကိုအပိုင်းပိုင်း ဆွဲစုတ်ပစ်တော့မလိုကြည့်နေခဲ့တဲ့သူ။ ခုနက လူ့နှုတ်ခမ်းကို အာဏာလုသလို အတင်းသိမ်းပိုက်ယူနေခဲ့တဲ့သူ။ ခုနက ကြမ်းတမ်းမှုတွေအားလုံးက အခုတော့ ကျွန်တော့်ခေါင်းကို ဖွဖွပုတ်ရင်း ကြင်ကြင်နာနာမေးနေတဲ့သူနဲ့ လားလားမျှမသက်ဆိုင်တော့သလိုပဲ။ တကယ်ပဲ ဒီလူသားကို ကျွန်တော်ဘယ်လို နားလည်ရမလဲမသိနိုင်တော့။

"...ဘယ်လိုနေလဲ..."

"...ဘာ...ဘာကို ဘယ်လိုနေရမှာလဲ..."

"...ဪ...မင်းမသိသေးဘူးလား၊ ဒါဆို..."

သူက ပြောရင်းဆိုရင်း ကျွန်တော့်မျက်နှာနားကို သူ့မျက်နှာကြီး တိုးကပ်လာတယ်။ ကျွန်တော်လန့်ဖျပ်ပြီး မျက်လုံးတွေကို စုံမှိတ်ချလိုက်မိတယ်။ အခုအနေအထားအရ ကျွန်တော့်လက်တစ်ဖက်ကလည်း သူ့လက်ထဲမှာ၊ ခါးကနေဆွဲသိမ်းခံထားရလို့ ကျန်တဲ့လက်တစ်ဖက်က သူနဲ့ကျွန်တော့်ကြားမှာ ခွေရက်လေးပိတ်မိနေတယ်။ ရုန်းထွက်လို့မရမဲ့အတူတူတော့ ကျွန်တော်က သူစိတ်လိုလက်ရ လွှတ်ပေးဖို့ကိုပဲ စောင့်နေရတော့မလိုလို၊ ဒါမှမဟုတ် အော်ချပြီးပဲထွက်ပြေးရတော့မလိုလို။

"...ဟားဟား...မပူပါနဲ့၊ ကိုယ်မင်းကိုထပ်မနမ်းပါဘူး၊
....ဒီနေရာမှာပေါ့လေ...ဟားဟားဟား..."

သူက ကျွန်တော့်ပါးကို ဖွဖွဆွဲလိုက်ပြီး ကျွန်တော့်ကိုယ်ကို သူနဲ့အနီးဆုံးကပ်ထားရာကနေ ခြေတစ်လှမ်းနှစ်လမ်းစာလောက် အကွာအဝေးရောက်အောင် ပြန်ခွာပေးလိုက်တယ်။ ပြီးတော့ သူက လေသံအေးအေးနဲ့ပြောလာပြန်တယ်။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Onde histórias criam vida. Descubra agora