အခန်း(၂၂)

131 24 0
                                    

Unicode Version

ကျွန်တော့်ဘဝမှာ ညပေါင်းများစွာအိပ်ရာဝင်ဖူးပြီး မနက်ပေါင်းများစွာနိုးထခဲ့ဖူးပါတယ်။ ဒါပေမဲ့လို့ ယခုလိုခံစားချက်မျိုးတော့မရှိခဲ့ဘူး။ ပြည့်စုံတယ်။ ပျော်ရွှင်ရတယ်။ ကြည်နူးရတယ်။ လှိုက်ဖိုရတယ်။ ရင်ခုန်ရတယ်။ ချစ်ရသူရဲ့ ရင်ခွင်ထဲခိုဝင်ကာ အိပ်စက်ရခြင်းနှင့် ချစ်ရသူကို ပွေ့ဖက်နမ်းရှုံ့ကာ နိုးထရခြင်းဟာ အတိုင်းအဆမရှိ ကြည်နူးပီတိကိုဖြစ်စေတယ်။

ကျွန်တော် ကိုကို့ပါးကို မထိတထိလေးနမ်းလိုက်တယ်။ ကိုကိုက မျက်လုံးမဖွင့်သေးဘူး။ ဒါနဲ့ပဲ့ ကျွန်တော် ကိုကို့နှာဖျားလေးကိုနမ်းလိုက်တယ်။ ပြီးတော့ နှုတ်ခမ်း၊ ပြီးတော့မေးဖျားကိုရောပဲ။ ကျွန်တော်က ကိုကိုအိပ်ပျော်နေသေးတယ်လို့ထင်မိလို့ပါ။ ဒါပေမဲ့ ကိုကိုနိုးနေပြီဆိုတာကို သူ့နှုတ်ခမ်းတွေညွတ်ကွေးသွားတော့မှ ကျွန်တော်သိလိုက်ရတယ်။ တစ်ဆက်ထဲမှာပဲ ကိုကိုက မှိတ်ထားတဲ့မျက်လုံးတွေကိုဖွင့်လိုက်ပြီး ကျွန်တော့်ကိုကြည့်လာတယ်။

"...နမ်းလို့မှဝရဲ့လား ညရိပ်..."

"..."

ခိုးနမ်းပါတယ်ဆိုမှ လူမိသွားတဲ့ခံစားချက်ကြီးက တစ်မျိုးပဲ။ ရှက်သလိုလို လန့်သလိုလို။ ကျွန်တော့်လိုညငှက်မျိုးမှာ အရှက်တရားတွေရှိသေးတယ်ဆိုတာ ထူးဆန်းအံ့ဖွယ်ပဲ‌နော်။ အင်းလေ...‌သဲကန္တာရလို ခြောက်သွေ့ပူပြင်းတဲ့နေရာမှာတောင် အိုအေစစ်ဆိုတာရှိသေးတာပဲ။ တကယ်တော့ လောကကြီးက ထူးဆန်းအံ့ဖွယ်တွေနဲ့ ပြည့်နှက်နေတာမဟုတ်လား။

"...ဘာလဲ...မင်းရှက်နေတာလား၊ ကိုယ်တို့မနေ့ညကလုပ်တုန်းကတောင်..."

"...ကိုကို..."

ကျွန်တော်လဲ ကိုကို့ပါးစပ်ကို ဆက်မပြောနိုင်အောင်လို့ ချက်ချင်းပဲ လက်နဲ့ဖိအုပ်လိုက်မိတယ်။ ဒါပေမဲ့ ကိုကိုက ကျွန်တော့်ကို ကျီစယ်ကလူတဲ့အကြည့်တွေနဲ့ကြည့်နေတုန်းပဲ။ သူက ကျွန်တော်ရှက်နေတာကိုမြင်ရတာ တော်တော်အူမြူးနေပုံရတယ်။ ခဏနေတော့ ပိတ်အုပ်ထားတဲ့ကျွန်တော့်လက်ကနေ စိုစိစိနဲ့ယားကျိကျိခံစားလိုက်ရတယ်။ ကိုကိုက သူ့ပါးစပ်ကိုပိတ်ထားတဲ့ကျွန်တော့်လက်ဖဝါးကို လျှာနဲ့လာတို့တာကိုးဗျ။ ကျွန်တော်လဲကျင်ခနဲဖြစ်သွားပြီး လက်ကိုပြန်ရုတ်လိုက်မိတယ်။ ဓာတ်လိုက်သွားသလိုလို၊ ကျင်စက်နဲ့အတို့ခံလိုက်ရသလိုလို ခံစားချက်မျိုးပဲ။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now