အခန်း(၂၈)

216 22 9
                                    

Unicode Version

A/N: ဒီတစ်ခန်းထဲမှာပဲ POVနှစ်ခုနဲ့ရေးထားတာမို့ ရှုပ်မှာစိုးလို့ ကြိုရှင်းပါမယ်။ ပထမအပိုင်းက လင်းမာန်ရဲ့POVဖြစ်ပြီး ဒုတိယအပိုင်းက ညရိပ်ရဲ့POVပါ။ ပြီးတော့ ဒီအခန်းမှာ စကားပြောနဲ့အသုံးအနှုန်းခပ်ရိုင်းရိုင်းတွေ ပါဝင်ပါတယ်။

==================

"...ညရိပ်...ညရိပ်..."

ကျွန်တော် ညရိပ်ဆီကို ဖုန်းအကြိမ်ကြိမ်ဆက်နေပေမဲ့ လုံးဝမကိုင်တာကြောင့် စိတ်ပူပြီးအိမ်ပြန်ကြည့်ခဲ့တယ်။ အခန်းတံခါးကြီးက သော့ပျက်နေပြီး အထဲမှာ ဖန်ကွဲစတွေ၊ အရှုပ်အထွေးတွေနဲ့ သွေးစသွေးနတွေကိုသာ တွေ့လိုက်ရတယ်။ ညရိပ်ကိုတော့မတွေ့ရ။ စားပွဲပေါ်မှာ ညရိပ်ရဲ့ဖုန်းက တင်ထားရက်သား။ သွေးအိုင်ထဲမှာ ညရိပ်ရဲ့ခွေးလေးဂျက်ဂျက်က ဒဏ်ရာတွေနဲ့သေဆုံးနေတာ တွေ့ရတယ်။

"...ညရိပ်..."

ကျွန်တော် ညရိပ်ကိုခေါ်နေမိပေမဲ့ ဘယ်နေရာကနေမှ ပြန်ထူးသံမကြားဘူး။ ကျွန်တော် အိမ်အနှံ့ပတ်ရှာလိုက်ပေမဲ့လဲ လူနဲ့တူတဲ့အရိပ်အယောင် ဘယ်မှာမှမရှိနေဘူး။

ကျွန်တော် ဒေါသရော စိုးရိမ်မှုနဲ့ပါ ပူထူနေတုန်း အခန်းထဲကို Alexဝင်လာခဲ့တယ်။ ကျွန်တော် ရုံးခန်းကနေ ကမန်းကတန်းထွက်လာတဲ့နောက်ကို Alexကပါ ထပ်ကြပ်မခွာလိုက်လာခဲ့တာပဲ။

"...ဒါသူတို့လက်ချက်ပဲဖြစ်မယ်...တောက်...ညရိပ်ကို တစ်ယောက်ထဲမထားခဲ့သင့်ဘူးကွာ..."

ကျွန်တော် လက်သီးကိုပြင်းပြင်းဆုပ်ပြီး ပြောလိုက်တယ်။ ကျွန်တော်အကာကွယ်ချင်ဆုံးသူကို မကာကွယ်ပေးနိုင်ခဲ့ဘူးဆိုတဲ့အသိဟာ ကျွန်တော့်ခေါင်းထဲ ချာချာလည်နေတယ်။

"...စိတ်ထိန်းပါ ဆရာ..."

ရေခဲလိုအေးစက်နေတဲ့ Alexရဲ့ တုံ့ပြန်မှုကိုပါ ကျွန်တော်ဒေါသထွက်မိတယ်။ သူက သူ့ပုံစံအတိုင်းနေတာဆိုပေမဲ့ ကျွန်တော်ကစိတ်မကြည်တော့ အဲ့ပုံစံကိုပါ မကြည့်နိုင်ဖြစ်မိတာပဲ။ ကျွန်တော် Alexကို ကော်လံစကနေဆွဲဆောင့်ကိုင်ပြီး အော်ပစ်လိုက်တယ်။

"...စိတ်ထိန်းရမယ်?... ညရိပ်တစ်ယောက်လုံး သေလားရှင်လားတောင်မသိရတာကို ငါက ဘာစိတ်ထိန်းနိုင်မှာလဲ..."

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now