အခန်း(၇)

167 29 2
                                    

Unicode

အဲ့ညက ကျွန်တော် သူ့ကိုအိမ်ခေါ်သွားတယ်။ ဆေးတွေဘာတွေ တတ်သလောက်မှတ်သလောက် လိမ်းပေးလိုက်ပြီး ကျွန်တော့်အိပ်ရာပေါ်မှာ သိပ်လိုက်တယ်။ အဲ့သည့်အချိန်တုန်းကတော့ ဦးမင်းသက်ပိုင်ဟာ ရိုးဖြောင့်ပြီး ကြင်နာတတ်တဲ့လူကောင်းတစ်ယောက်လို့ ကျွန်တော်ထင်ခဲ့မိတယ်။

မနက်နိုးလို့ အမူးပြေတော့မှ ညကကိစ္စတွေကို ပြန်ရှင်းပြရင်း အပြန်အလှန်မိတ်ဆက်ကြရင်းနဲ့ သူနဲ့ကျွန်တော် ရင်းနှီးသွားခဲ့တယ်။ အဲ့ကစပြီး မကြာခဏဆိုသလို သူကကျွန်တော့်အိမ်ကိုလာတယ်။ လာတိုင်းလည်း ကျွန်တော့်အတွက် လက်ဆောင်တစ်ခုခုအမြဲပါတယ်။ ကျွန်တော်ကဘာမှမတောင်းပါဘူး။ သူ့ဘာသာ ယူလာတာပါ။ အဲ့တာကို ကျွန်တော့်စိတ်ထဲ ဘာမှလည်းကြီးကြီးမားမား ထည့်မတွက်ခဲ့မိပါဘူး။

အဲ့လိုနဲ့ ကျွန်တော်တို့ ပိုပိုနီးကပ်လာခဲ့ပြီး ပိုပိုရင်းနှီးလာခဲ့တယ်။ နောက်ဆုံး သူကကျွန်တော့်ကို ချစ်‌ကြောင်းဖွင့်ပြောပြီးတော့ ကျွန်တော်တို့တွဲဖြစ်ခဲ့ကြတယ်။ ကျွန်တော်တို့ တွဲခါစမှာ အတော်လေးအဆင်ပြေခဲ့ကြတယ်။ သူက ကျွန်တော့်ဘဝမှန်ကို သိထားသည့်တိုင် ကျွန်တော့်ကို လက်တွဲမဖြုတ်ခဲ့ဘူး။ ကျွန်တော်ကလည်း ငယ်သေးတော့ အဲ့တာကို အချစ်စစ်လို့ပဲ တထစ်ချယုံကြည်ခဲ့တာပေါ့။

သူက ကျွန်တော့်ကို ဒီဘဝနွံထဲက ဆွဲထုတ်ပေးမယ်လို့ အမြဲပြောတယ်။ သူ့အနားမှာနေပြီး သူ့ကိုချစ်နေပေးရုံကလွဲရင် ဘာမှမလိုဘူး၊ ဘာညာသာဓကာ စကားလှလှလေးတွေပေါ့ဗျာ။ ကျွန်တော်ကလည်း သူပြောသမျှယုံတယ်။ သူ့ကို ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်၊ ကျွန်တော့်ဘဝရဲ့ ကယ်တင်ရှင်ကြီးလို မှတ်ယူပြီး ကိုးကိုးစားစားချစ်သွားခဲ့မိတယ်။

မထင်မှတ်ထားတဲ့မုန်တိုင်းတွေ ဝင်မလာခဲ့ခင်အချိန်ကာလတစ်ခုအထိပေါ့။ တစ်ရက်မှာတော့ ကျွန်တော်နဲ့ဦးမင်းသက်ပိုင်တို့ ကော်ဖီဆိုင်တစ်ခုမှာထိုင်နေတုန်း အမျိုးသမီးတစ်ယောက် ဆိုင်ထဲဝင်လာပြီး သူ့ကိုနှုတ်ဆက်လိုက်တယ်။

"...ကိုသက်ပိုင်...မတွေ့တာတောင်ကြာပြီနော်၊ မဖြူရောနေကောင်းလား..."

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now