Part-14(zawgyi)

131 9 0
                                    

ကျွန်မတို့ ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်ပြီး တစ်လအကြာ ကျွန်မရဲ့ မွေးနေ့ရောက်လာလေသည်။မိဘတွေက အမြဲ မွေးနေ့ရောက်တိုင်း အလှူ ဒါမှမဟုတ် ဘုရားတွင် ငွေသား လှူပေးလေ့ရှိသည်။ကျွန်မမိဘများနှင့် ဆရာသည်လည်း နဂိုကထက် ပိုပြီး ရင်နှီးသွားကြသည်။

မွေးနေ့ မရောက်ခင် (၅)ရက်အလို

"ဒီတစ်ခါမြတ်မြတ်မွေးနေ့ကျ ဘာလုပ်ပေးကြမလဲ" လို့ ဖေဖေ နဲ့ မေမေ တိုင်ပင်နေကြတော့သည်။

"မောင်သဘောပဲ.."

"အိမ်မှာပဲ ရင်နှီးတဲ့သူလောက်ကို ဖိတ်ပြီး ရွှေတိဂုံမှာ ငွေသားလှူပေးလိုက်မယ် အဲဆို"

"မောင်သဘော...အဲဒါလည်း အဆင်ပြေတာပဲလေ"

ကျွန်မ လည်း ဖေဖေ တို့ စကားဝိုင်းထဲ ဝင်ပါလိုက်တော့သည်။

"ဟာ ဖေကြီးကလဲ ညကျ ရင် အပေါ်ထပ် က လေသာဆောင်မှာ bbq party လုပ်မှာပါဆို (အဲခေတ်က ကိုရီးယား ကား တွေတစ်အားခေတ်စားပြီး အိမ်တိုင်း ဆလပ်ရွက်နဲ့ သုံးထပ်သား ကင်စားကြတဲ့ခေတ်)"

".အေးပါ သဘော သဘော ကျူရှင် အသစ်ကကော် အဆင်ပြေရဲ့လား"

"အင်းပြေပါတယ်"

"ယောကျာ်း အမေတို့က လာမဲ့ စနေ ဗုဒ္ဓဂါယ သွားမှာနော်၊ ရှင် စီစဉ်ပေးလိုက်ဦး"

"အေးဟုတ်သား ငါမေ့တော့မလို ညနေ လေယာဉ် လက်မှတ် သွားယူရဦးမယ် မိန်းမ မင်းလိုက်ခဲ့ချည်အမေတို့လို အပ်တာ တစ်ခုခု ထည့်ပေးလိုက်ရအောင် အဲနားက မော်တင်မှာ ဆင်းဝယ်မယ်"

"အင်းအင်း"

အဲဒါနဲ့ကျွန်မလည်း အခန်းထဲဝင် ဟိုမိန်းမ တွေကို ဖုန်းဆက်ပြီး မွေးနေ့ကိစ္စပြောပေါ့၊လဲ့လဲ့ကတော့ ကျွန်မကို ဆရာကို ဖိတ်ဖို့ အတင်း တိုက်တွန်းတော့သည်။ကျွန်မ လည်း အရဲစွန့်ပြီး ဆရာကို ဖုန်းခေါ်လိုက်တော့သည်။

"ဟယ်လို မြတ်လား"

ဆရာ ရဲ့ မြတ်လား ဟု မေးသံကြောင့် ပြောရမဲ့စကားတွေတောင် မေ့ကုန်သွားသည်။

"မြတ် ပြောလေ ဟယ်လို...အော် ဒီကလေးနဲ့"

"ဆရာ....အားလားဟမ်"

ငယ်ချစ်ဦး(Childhood's Beloved Flame)Where stories live. Discover now