ဆုံမှတ်(၄)

3.6K 170 8
                                    

ဆရာလည်း အတန်းရှိ ကျွန်မ တို့ မကြောက်လန့်စေရန်အတွက်

"အားလုံး ငြိမ်ငြိမ်နေ မီးစက်နိုးပေးလိမ့်မယ်..."

လို့ ပြောရင်းစာမေးရန် အတွက် ကျွန်မ နားတွင် အဆင်သင့် ရပ်နေရှာသည်။ ကျွန်မ ရဲ့ အားနည်းချက်က မိုးချုန်းတဲ့ အသံ ကို ကြောက်တာပါ၊ ကျွန်မ မိုးရာသီကို ကြိုက်နှစ်သက်ပေမဲ့လည်း ထို အသံကိုတော့ လုံးဝ မခံစားနိုင်ပေ။ထိုအချိန် တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို မိုးချုန်းသွားတော့သည်။ ကျွန်မ လည်း ကိုယ်ဘာကိုယ်တောင်မသိလိုက်ချိန် ကျွန်မ ဟာ ဆရာရင်ခွင်ထဲရောက်သွားခဲ့သည်။ထိုအချိန် ကျွန်မ ခံစားလိုက်ရတာက နွေးထွေးမှုနဲ့ ဆရာဆီက ကျွန်မ အကြိုက်ဆုံး ရေမွှေး နံ့လေးပင်ဖြစ်သည်။မီး ပျက်မှုသည်လည်း ၁၀မိနစ်လောက်ကြာသွားသည်။ကျွန်မတို့ အဖြစ်အပျက်ကို ကျန်တဲ့ ကျောင်းသူ/ကျောင်းသားများသည် သာမာန် အတွေးများဖြင့်သာ တွေးပေမဲ့ ယွန်းယွန်းနှင့် ကျွန်မ သူငယ်ချင်းများကတော့ သာမာန်အတွေးမတွေပေ။သို့သော် ကျွန်မ သိလိုက်ရတာ မမှားဘူးဆို ဆရာ ရင်တွေခုန်နေတာပါပဲ။မီးမလာခင် အချိန် အတွင်း ကျွန်မ ဆရာရင်ခွင်ထဲတွင် ဆရာရန်ခုန်သံကို နားထောင်ရင်း ကြည်နူးနေသည်။ထိုစဉ် မီးစက်နိုးလိုက်သောကြောင့် ဆရာမှ ရုတ်တရက်ဆိုသလို ကျွန်မကို အားမပါတပါဖြင့် သတိ ဝင်ကာ တွန်းလိုက်သောကြောင့် ကျွန်မ ထိုင်ခုံပေါ်သို့ ပုံမှန်ထက် အားပြင်းပြင်းလေး ထိုင်ကြသွားသည်။ထိုနောက် ယွန်းယွန်းမှ ကျွန်မကို တစ်ချိန်လုံး နဂါးမျက်စောင်းဖြင့် ထိုးနေသည်ကိုလည်း ခံစားရသလို ဆရာ ကျွန်မကို မျက်လုံးခြင်း မဆုံအောင် ကြိုးစားနေသည်ကိုလည်း ခံစားမိသည်။ဒီလိုနဲ့တစ်ဖြေးဖြေး အချိန် ကုန်လာပြီး မုန့်စားဆင်းချိန်ရောက်လာခဲ့တော့သည်။


မုန့်ဆိုင်တွင် ခေါက်ဆွဲဗူးဝယ်ရင်း လဲ့လဲ့ နှင့် ကျွန်မ ရပ်စောင့်နေမိသည်။ဖြစ်ခဲ့သော ကိစ္စ များကြောင့် စကားလုံးမဲ့နေသော ကျွန်မ ကို လဲ့လဲ့ ကြည့်နေသည်ကိုလည်း ကျွန်မ မရိတ်မိခဲ့ပေ။

မုန့်ဗူးများရခါမှ နေရာသို့ ပြန်လာကာ သူငယ်ချင်းများ အတူတူ ထိုင်စားတော့သည်။

ငယ်ချစ်ဦး(Childhood's Beloved Flame)Where stories live. Discover now