ဆုံမှတ်(၁၃)

2.5K 137 0
                                    

ကျွန်မ တစ်ပုဒ်တည်း ရတဲ့ သီချင်းလေး ဖြစ်တဲ့အပြင် ပိုင်ပိုင်နိုင်နိုင်လည်း အကောင်းဆုံး ဆိုနိုင်တဲ့ အတွက် သီချင်းလေးဟာဖြောင့် ဖြောင့်ဖြူးဖြူး ပြီးသွားခဲ့ပါတော့သည်။ဒါပေမဲ့ သီချင်းဆိုနေရင်း ကျွန်မ နဲ့ဆရာ တစ်ချက်ချက် အကြည့်ချင်းစုံမိခဲ့ကြပြန်သည်။ကျွန်မ ရင်တွေ တလတ်လတ် ခုန်နေခဲ့ပေမဲ့ ကျွန်မလေ ဆရာ အကြည့်တွေကို ရင်မဆိုင်ခဲ့ပြန်ပါဘူး။

"ကောင်းလှတဲ့အသံ ကြီးလာရင်အဆိုတော် လုပ်နော် English လိုလဲ ပီသားပဲ..." လို့ ဦးညီညီ က တော့ ကျွန်မ ကို ချီးမွှန်း ခန်း ဖွင့်တော့သည်။

"အလွတ်ကျက်ထားလို့ပါ ဦးညီရယ်..ဟီးဟီး" လို့ကျွန်မ လည်း ရှက်ရှက် နဲ့ ပြောတော့သည်။

"ဒီမှာ ငါပုံတွေရိုက်ပေးထားတယ် နင့်အတွက်.." ဆိုပြီး လဲ့လဲ့က သူလက်ထဲက ကင်မရာလေးကို ပြတော့သည်။

"မြတ် နင်ကြီးလာရင် အဆိုတော်ပဲ လုပ်တော့..ငါတို့ အားပေးတယ်"

"ဟုတ်ပါ့ ငါတောင် မျောသွားတယ်"

"သူရတာလည်း ဒီတစ်ပုဒ်ပဲရှိတာ" ဖေဖေကတော့ လူကြားထဲကျွန်မ ရဲ့အမှန်တရားတွေ ထုတ်ပြောနေပြန်သည်။

"အစ်ကို စီးရီးထုတ်ပေးလိုက်တော့"

"စီးရီးတော့မရဘူး စီးသီးပဲ ရမယ် ဟားဟား"

ဒီလိုနဲ့ အကုန် အိမ်ယာကိုယ်ဆီဝင်ကြလေသည်။ကျွန်မတို့ တစ်စုကတော့ ထုံးစံအတိုင်း ညမွှေးပန်း ပင်ကြီးနဲ့ မနီးမနားက ကွစ်ပြစ်ကြီးမှာ ထိုင်၍ စကားပြောနေကြလေသည်။ထိုနေရာသည် မီးအလင်းရောင်လည်း ကောင်းစွာရသလို အိမ်အပေါ် သို့ တက်သော် လှေကားနှင့်လည်း အလွန်နီးသောကြောင့် ကျွန်မတို့အတွက် ဘာမှ စိုးရိမ်စရာကိုမရှိပေ။

".ဟဲ့ ဒီပုံကို ကြည့်စမ်း" ဟုဆိုကာ လဲ့လဲ့က သူရိုက်ထားတဲ့ ကျွန်မတို့ ပုံကို ပြလေသည်။သေချာကြည့်တော့မှ လဲ့လဲ့တစ်ယောက် ရိုက်ထားတဲ့ ပုံတွေက ချက်ကောင်းတွေကြီးသာ ဆိုရမယ်။

"ဟဲ့ ကြည့်ကြဦး ဆရာအကြည့်တွေကလည်း ရင်ခုန်ချင်စရာ" လို့သရဖီက ထပြောတော့သည်။

ငယ်ချစ်ဦး(Childhood's Beloved Flame)Where stories live. Discover now