ဆုံမှတ် (၃)

5.3K 184 3
                                    

မုန့်စားဆင်းချိန် ကျွန်မ တို့ သူငယ်ချင်းများလည်း ထိုင်ခုံများကပ်ပြီး ဝယ်ယူလာသော မုန့်များကို ထိုင်ကာ ဆိုင်နေချိန် အပြင်ဘက်ကို ကျောပေးထားသော ကျွန်မ အတွက် white board မှကားတစ်စီးပေါ်မှ ကော်လံကတုံးအဖြူနှင့် လူတစ်ယောက် ဆင်းလာသည်ကိုပဲ ကျွန်မ မြင်ရ၍ မည်သူ မည်ဝါဆိုတာ မမြင်ရပေ။ထိုအချိန် လေပွေလေးများကျွန်မဆီသို့တိုးဝှေချိန်မှာ ကျွန်မ မနေ့က ရခဲ့သော် ရေမွှေး အနံ့လေး ကျွန်မ နှာခေါင်းထဲ ပြန်ရခဲ့ပြန်သည်။ သရဖီမှ ထ၍.

"ဟိုမှာ သမိုင်းဆရာပဲ ...ပြောမဲ့သာပြောသာအဲဆရာ အသင်ပြလေး မဆိုးဘူးနော်...ငါအရင်က သမိုင်းကျက်ရမှာ အရမ်းပျင်းတာ အခုဆိုအေးဆေးပဲ အဆင်ကို ပြေလို့"

စာကြည့်ရင်း မုန့်နှိုက်စားလာသော အင်ကြင်းမှ ကျွန်မ တို့ စကားဝိုင်းထဲ ဝင်တော့သည်။

"အဲဒီဆရာက ငါတို့မျက်စောင်းထိုးအိမ်မှာနေတာ...လူပျိုကြီး အမေနဲ့ ညီမ ပဲရှိတယ်"

ထိုစကားကြောင့် ကျွန်မ လွန်စွာ ပျော်ရွင်သွားမိသည်။သို့သော် ငယ်ရွယ်လွန်းသော်ကြောင့် ကျွန်မကိုယ်ကျွန်မ အချစ်စိတ်လားဆိုတာ ခွဲခြား၍ မရခဲ့ပေ။ထိုစဉ် ဘေးမှာ ဆရာဖြတ်သွားလေသည်။သို့ပေမဲ့ အားလုံးထဲမှ ကျွန်မအား ပြုံးပြသွားသည်ကို ကျွန်မနှင့် အတူ အားလုံး ခံစားလိုက်ရသည်။

"ဟဲ့ နင်နဲ့သိလို့လား မြတ်" ဟု သရဖီ က မေးခွန်းထထုတ်တော့သည်။သူမ ၏ မေးခွန်းကို အခြေပြုကာ ကျန်တဲ့ သူများမှလည်း

"အေးလေ သိလို့လား အပြင်မှာလည်း..."

ထိုနှစ်ယောက်ရဲ့ မေးခွန်းများကြောင့် ကျွန်မ ဘာပြန်ဖြေရမှန်းမသိအောင်ဖြစ်သွားခဲ့သည်။

"အို မသိပါဘူး...ဒီရောက်မှ သိတာ"

ဒီလိုနဲ့ ဆရာအချိန်မပါတဲ့ တစ်နေတာ ကို ကျွန်မ ဖြတ်သန်းခဲ့ပြီး ညနေ အိမ်ရောက် မိသားစုနဲ့ ထမင်းစား ပြီး ထုံးစံအတိုင်းအိမ်စာလုပ် ပြီးကွန်ပျုတာ ရှေ့တွင် ကျွန်မထိုင်လိုက်သည်။(ထိုခေတ်က ၁၄/၁၅ နှစ် ကလေးတိုင်း ကွန်ပျူတာ (သို့) ဖုန်း အား လည်လည်ဝဲဝဲ ကိုင်တက်၍ ကိုယ်ပိုင် Gtalk (သို့) Facebook အကောင့် တစ်ခုစီ ရှိလေသည်။)သို့သော် ကျွန်မ အတွက် facebook ဆိုသည်မှာ အဲအရွယ်က စွဲလန်းခဲ့သော် အဆိုတော် တစ်ဦးအား ပုံတင်တိုင်း ကြည့်ရန်သာ ရည်ရွယ်ချက်ဖြင့်ရှိခဲ့သည်။ကွန်ပျူတာ သုံးအပြီး ကျွန်မ အိပ်ယာဝင်လေသည်။ထိုအချိန် အတွေးထဲသို့ ကျွန်မ ရဲ့ ဆရာဝင်လာပြန်သည်။

ငယ်ချစ်ဦး(Childhood's Beloved Flame)Where stories live. Discover now