ဆုံမှတ် (၅)

3.4K 165 1
                                    

နောက်တစ်နေ့ မနက် အစ ကျောင်းသွားဖို့ ပြင်ဆင်ပြီး မနက်စာ ထိုင်စားနေချိန် ကျွန်မ ကိုဖေဖေက မနက် ခင်းအနမ်းလေးလာပေးတော့ ကျွန်မ လည်း ပြန်ရယ်ပြလိုက်သည်။ ကျွန်မ မျက်နှာကို ကြည့်ရင်းဖေဖေ က

" ငါ့သမီးလေး အပြုံးမှာ ပူစာ စရာတွေပါနေပါလား သမီး" လို့ ကျွန်မ စကားလမ်းကို အရင် ဖွင့်ပေးတော့သည်။ထိုအချက်ကြောင့် ကျွန်မ လွန်စွာ ဖေဖေ တို့ကို လေးစားမိတာအမှန်ပါ။ကျွန်မ ဖွင့်ထုတ်ပြသစရာမလိုပဲ သူတို့ အကုန်သိနေပါတော့တယ်။

"ဖေဖေ ဘယ်လိုသိတာလဲ " လို့ ကျွန်မ လည်း တစ်အံ့တသြနဲ့ မေးမြန်းတော့ ဖေဖေက အပြုံးချိုချို နှင့်

" သမီးကို လောကကြီးထဲ ခေါ်ထားသူပါ"လို့ ယုံကြည်ချက် ရှိရှိ ပြန်ပြောတဲ့ဖေဖေ ကို ကြည့်ရင်းလေးစားချစ်ခင် မှု ပိုခဲ့ရသည်။

"ဒီလိုပါ ဖေဖေ..လာမဲ့ စနေ သမီး ကျောင်းက သူငယ်ချင်းတွေနဲ့ လှော်ကား သွားချင်လို့"

"လှော်ကား တောင်လား ဝေးလိုက်တာ သမီးရယ်" လို့ ဖေဖေ့အတွက်မနက်စာ ပြင်ပေးနေတဲ့ မေမေက ထပြောတော့ ကျွန်မ သိလိုက်ပါပြီးလေ သွားရဖို့ လမ်းမမြင်တော့ဘူးဆိုတာ။

"ဘယ်သူလိုက်ပို့မှာလဲ သမီးကို" လို့ ဖေဖေ က ထပ်ဆင့်မေးခွန်းတွေ ကျွန်မ ကို မေးပြန်တော့သည်။

"ဖေဖေ အားရင် ဖေဖေ ပေါ့ ဖေဖေ မအားရင် သမီး သူငယ်ချင်း အဘ ရှိတယ်" လို့ ဆူဆူ ပုတ်ပုတ် ပြန်ပြောတော့ ဖေဖေ က သက်ပြင်းတစ်ချက် ချလိုက်ရင်း ထိုနေ့ သူမအားကြောင်းနှင့် သွားမယ် ဆိုရင်လည်း အိမ်က ကားယူသွားဟု ပြောတော့ ကျွန်မ တကယ်ကို ဝမ်းသာခဲ့ရသည်။

"ဖေဖေ ချစ်တယ်" ဟုပြောရင်း ဖေဖေ ကို ထနမ်းတော့ ဖေဖေ မျက်နှာ ပီတိဖြာလျှက် ဖြစ်နေတော့သည်။

"ငါ့ နင်တို့ သားဖကို တစ်ကယ် မနိုင်....ဖအေ လုပ်သူက ပြီးမှ ကျွန်မ ကို နားမညီးနဲ့နော်..ခွင့်ပြုတာက မောင်နော်..မိန်းမ ဟုတ်ဘူး" လို့ မေမေက ပြန်ပြောတော့သည်။

ဤကဲ့သို့ဖြင့် ကျွန်မ လည်း အိမ်မှာ ရရှိခဲ့တဲ့ ပျော်ရွှင်မှု အပြည့်နှင့် ကျောင်းသို့ ရောက်လာတော့သည်။ထို့နေ့က လည်း အနည်းငယ် စောစောရောက်တာရောက် ကျွန်မ ထိုင်နေလျှက် အတွေးနယ်ချဲ့နေမိသည်။

ငယ်ချစ်ဦး(Childhood's Beloved Flame)Where stories live. Discover now