Part-16(zawgyi)

125 10 0
                                    

ဒီလိုနဲ့ အဲ့ည မှာ..ကျွန်မလဲ ဆရာနဲ့အဖြစ်အပျက်လေးကို စဉ်းစားရင်း ပီတိဖြာနေတုန်း ဆရာဆီက sms လေးတစ်စောင်ဝင်လာတော့သည်။(သမီး အိပ်တော့နော်တဲ့ ) ကျွန်မ အဲစာလေးကိုမြင်လိုက်ရတဲ့အချိန်မှာ ကျွန်မ အရမ်းပျော်သွားသလို တစ်ပြိုင်နက်တည်း နောက်ဖြစ်လာမဲ့ပြသနာတွေကိုလည်း တွေးပြီး ပူမိနေတော့သည်။ဒါပေမဲ့ ဆရာကို ချစ်နေရရင် ပြီးရော ဆရာကိုမြင်နေရရင် ပြီးရော ဆိုတဲ့ စိတ်နဲ့ကျွန်မ အရာရာ ကို ဖြတ်ကျော် မယ်လို့ စိတ်ဆုံးဖြတ်ချခဲ့တော့သည်။ဒီလိုနဲ့ တစ်ဖြေးဖြေး
မေလကုန်လို့ June လ ရောက်ခါနီး ကျောင်းတွေဖွင့်မယ် ဆိုတော့ကျွန်မတို့ လဲ ၉တန်း တက်တော့မယ် ဆိုပြီး အထက်တန်းကျောင်းသူ ပီပီ ကျွန်မတို့ သူငယ်ချင်းတွေလဲ ပျော်ပေါ့ ဆရာနဲ့လဲ တွေ့ရတော့မယ် ပြီး အရမ်းဝမ်းသာပေါ့ ဖြစ်ချင်တော့ ကျွန်မတို့ (၄)ယောက်ကို မိဘတွေကို ကျောင်းပြီးတော့ အိမ်ဝိုင်း ဝိုင်းပေးတယ် ဆယ်တန်းရောက်ရင် အခြေခံပါအောင်ဆိုပြီး ကျွန်မတို့ကျောင်းက ဆရာတွေအပြင် ဆရာလဲ အပါအဝင်ပေါ့...ကျောင်းက ၁၂ပြန်ရောက်ပြီးဆို ၁နာရီဆိုတာ နဲ့အိမ်ကျူရှင်တွေ စပြီး သင်ကြတော့တာပေါ့ ဆရာသင်တဲ့နေ့က တနင်္လာကနေ ဗုဒ္ဓဟူးနေ့အထိ မြန်မာ စာ ချိန်ပါတယ်။ကျွန်မတို့(၄)ယောက်တည်းမှာ အဆင်မပြေဆုံးကတော့ သရဖီပေါ့ သူမိဘတွေကလည်း ကွဲ သူလဲ တော်တော် ခံစားလိုက်ရတယ် လောကဓံလှည့်ကွက်ကို သူလည်း လောကဓံ လှည့်ကွက် ခံစားနေရချိန် ကျွန်မလည်း ကျန်းမာရေးအခြေအနေ လုံးဝဆိုးရွှားခဲ့တဲ့ နှစ်ဖြစ်လာခဲ့သည်။ အဲနှစ်က.ကျောင်းတွေဖွင့် ပြီး သတင်းကျွတ် ကျောင်းမပိတ်ခင် ကျွန်မရဲ့ဝေဒနာတွေ အစပျိုးလာခဲ့တယ်။

၁၀. ၆.၂၀၁၄(ပထမဆုံး ကျောင်းဖွင့်ရက် ကျောင်းခန်းထဲတွင်)

"ဟို ကျက်သတုံးမနဲ့ တစ်ခန်းတည်းဖြစ်ရတယ်လို့" လို့ အင်ကြင်းက ပြောတော့သည်။

"နင် ဘယ်လို သိလဲ"

"whiteboard ဘေးမှာ နမည်စာရင်း ကပ်ထားတယ်လေဟယ်"

"အေးလေ ယွန်းယွန်း က မျက်ကပ်မှန်တွေများတပ်နေတာလားဟယ် သူ Facebook မှာ တင်ထားတာ ပလူးနေတာပဲ"

ငယ်ချစ်ဦး(Childhood's Beloved Flame)Where stories live. Discover now