နောက်တစ်နေ့ .....
ပုံမှန်တိုင်း ကျောင်းတက် ပြီးစာလုပ်ရင်း တစ်ဖြေးဖြေးနဲ့ ကျောင်းခေါင်းလောင်းထိုးပြီးနောင်တစ်ချိန် ရောက်လာလေသည်။နောက်တစ်ချိန်ကတော့ သိပ္ပံချိန်ဖြစ်တဲ့အတွက် အေးအေးဆေးဆေး ဖြင့် ကျွန်မတို့ လေးယောက် ဖြတ်ကျော်ကြသည်။နောက်ဆုံး မျှော်လင့်နေသော် သမိုင်း ချိန်ရောက်လာသည်။
"ဟဲ့ မြတ်ဆရာဆင်းမလားသေးဘူးနော် ဟိုအခန်းကနေ..သိတဲ့အတိုင်း ကျောင်းအုပ်ကြီးကို ကပ်ပြီး ဟိုယွန်းယွန်းမက အဲကွန်းရှိတဲ့ အခန်းကိုပြောင်းသွားတာ ၂ပတ်ရှိပြီး"လို့ လဲ့လဲ့က ကျွန်မ ကို တီးတိုးပြောတော့သည်။
"အေး..ဒီမိန်းမပဲ စိတ်ပူနေရတယ် အရေးမပါတာ.."
အနောက်တန်းမှာ ထိုင်နေသော အင်ကြင်းမှ....
"ဟဲ့ ဟိုမှာ ဆင်းလာပါပြီး မျက်နှာ တင်းလှချည်လား!(လေသံတိုးတိုးဖြင့်)"
"ဟဲ့ မြတ် နင်ဟာက ဟုတ်ရောဟုတ်ရဲ့လား မြတ်ရယ် ၊ငါကြောက်လာပြီး ညက အိပ်ပျော် သွားတာနဲ့ ဆရာ ကျက်ခိုင်းတဲ့စာ မကျက်လာဘူးနော်..." လို့ သရဖီ ကလည်း ကျွန်မ ကို ပြောတော့ ကျွန်မ ရင်ထဲ စိုးရိမ်ပူပန်သွားတော့သည်။
ကျွန်မလည်း ဆရာမျက်နှာ တင်းနေတာနဲ့ မျက်နှာကြော လျော့ကာမျက်နှာကို တည်၍ အေးအေးဆေးဆေးစာ လုပ်နေတော့သည်။ဒီတစ်ခါတော့ အကြည့်ချင်းရှောင်နေသူမှာ ကျွန်မသာ ဖြစ်သည်။ဒီလိုနဲ့ ကျက်လာသော်စာများကိုလည်း ဆိုအပြီး အေးဆေးစွာ အချိန်ပြီးဆုံးခဲ့သောလည်း ကျွန်မ နှင့် ဆရာရဲ့ ဆက်ဆံရေးကတော့ တတိယ ကမ္ဘာစစ်ဖြစ်တော့မဲ့အလား တင်းမာနေလေသည်။
ဒီလိုနဲ့ကျောင်း ပိတ်ရက် အင်ကြင်းအိမ်တွင်စာစုကျက်သော်အခါ...
"ငါဟိုးတစ်နေ့က တကယ် စစ်ဖြစ်ပြီးထင်တာ.." လို့လဲ့လဲ့ က ဖြစ်ခဲ့တဲ့ ကိစ္စ ကို ပြန် အစ ပြန်တော့သည်။
"တော်ပါသေးရဲ့ ငါ့မမေးလို့ ငါအဲနေ့က တကယ်မရတာ.." လို့ သရဖီ က လည်း ပြောတော့သည်။
"ငါတကယ် နားမလည်တော့ဘူး...သူကို " လို့ ကျွန်မ လည်း မျက်နှာတည်တည်နှင့်ပြောတော့ သူငယ်ချင်းတွေလည်း တည်သွားကြတော့သည်။
YOU ARE READING
ငယ်ချစ်ဦး(Childhood's Beloved Flame)
Short Storyအချစ်ဦး ရှိခဲ့ရင် နားလည်နိုင်မယ်ထင်ပါတယ်