ဆုံမှတ်(၂)

8.5K 225 6
                                    

လဲ့လဲ့သည် ကျွန်မထက် အရပ်အနည်းငယ်ပိုရှည်ပြီး လူကောင်ပိုကြီးသည်။ကျွန်မ ၏ အရပ်အနေထားမှာ သူမ၏ လက်မ နားတွင် သာ ရပ်တန့် သည်။မည့်သည့် ဘဝက ရေစက်ကြောင့်မှန်းမသိ လဲ့လဲ့ကို ပထမဆုံးတွေ့သည့် အချိန်ကတည်းက အစ်မ တစ်ယောက်လို၊ညီမ တစ်ယောက်လို ချစ်ခင် မိပြီးသူအနားနေရရင် နွေးထွေးသည်။အသက်တွေကြီးသည့်အထိ လဲ့လဲ့ အကျင့်တစ်ခု ရခဲ့သည်။ထိုအကျင့်က အခြားမဟုတ် ကျွန်မ ကို လူကြားထဲ သွားရင် သူ လက်မောင်းကို ချိတ်ခိုင်းထားခြင်းပင်ဖြစ်သည်။ထိုအကျင့် စတင် ပေါ်ပေါက်လာရခြင်းရဲ မှာ ထိုနေ့ကလေးကနေ စခဲ့သည်။မုန့်များ ရောင်းသောနေရာ မှာ ကျောင်းရှိ ကျောင်းသားဦးရေအယောက် ၃၀၀ကျော်လောက်ရှိပြီး ကျောင်းစျေးတန်းအနေထားကလည်း အနားငယ် သေးသော်ကြောင့် တိုးကာဝေ့ကာ ဖြင့် ကျွန်မတို့ ဝယ်နေရသည်။ ကျွန်မ ဒီလူအုပ်အများကြီးထဲကပါ မုန့်ဆိုင်နားမှာ ရေနွေးထိုင်သောက်နေသော ဆရာကို မြင်ရနေသည်။ကျွန်မရဲ့ စိတ်ထဲ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ထိုနေရာထိ သွားဖို့အားအင်မရှိဖြစ်နေချိန် အနောက်ရှိ ကျောင်းသူတစ်ယောက်ရဲ့ တိုးဝေ့ ဝယ်မှုကြောင့် အနည်းငယ်ဟန်ချက် ပျက်သွားသော ကျွန်မ ကို ဘေးရှိ လဲ့လဲ့က လှမ်းဆွဲကာ သူမ လက်မောင်းကို ချိတ်ခိုင်းထားခဲ့သည်။ကျွန်မ ရဲ့ စိတ်ဟာလည်း ဒိတ်ဒိတ်ဒိတ်ဒိတ်နဲ့တုန်လှုပ်နေလေသည်။ထိုအချိန်...

"မြတ် နင်ဘာစားဦးမလဲ။"

လို့လဲ့လဲ့ မေမြန်းလာချိန်မှ ကျွန်မစိတ်ကို အတင်း ပြန်တည်ငြိမ်အောင် စိတ်လျော့လိုက်သည်။

"ငါ အာလူးကြော် အစပ်ထုတ်ရယ် အအေးဗူးလေးရယ်ပဲ ယူတော့မယ်" တစ်ဦးတည်းသော သမီး ဖြစ်နေသည့်အတွက် လဲ့လဲ့ အပေါ်လည်း ကလေးကဲ့သို့ နွဲ့ကာ ပြောခဲ့သည်။သူမိသားစုတွင် အကြီးဆုံးဖြစ်သည့် လဲ့လဲ့ လည်း ကျွန်မ အပေါ် ညီမငယ် ကဲ့သို့ဆက်ဆံပေးရှာသည်။

"ဗိုက်ပြည့်မဲ့ ဟာတစ်ခုခု စားဦးလေ နောက် နှစ်ချိန်တောင်ကျန်သေးတာကို" လို့ကျွန်မ ကို စိတ်ပူစွာ ပြန်သော လဲ့လဲ့ ပုံစံကို ကျွန်မ မျက်လုံးထဲက အခုထိ မထွက်။

ငယ်ချစ်ဦး(Childhood's Beloved Flame)Where stories live. Discover now