ဆုံမှတ်(၂၆) ဇာတ်သိမ်း

8.2K 239 86
                                    

ကျွန်မတို့လည်း ဒီတစ်ဦးတည်းသော သမီးလေးရဲ့ အလိုဆန္ဒတွေကို  အမြဲတစေ ဖြည့်စည်းပေးကြသည်။ကိုကျော်မင်းငြိမ်း ကပိုဆိုး သမီးအပေါ်  အမြဲ ဖခင် အရင်းကဲ့သို့ စောင့်ရှောက်ပေးသည်။ကျွန်မအပေါ်  တွင်လည်း လင်ယောကျ်ားကောင်း ပီသသူတစ်ယောက်ပင် ဖြစ်သည်။သမီးကို ကျောင်းမသွားအပ်ခင် ည..

"မြတ် ဒီမှာ ၁၀သိန်း သမီးကျောင်းအပ်တဲ့အခါသုံး"

"ဟာ ရပါတယ် မြတ်ဆီမှာလဲ ရှိပါသေးတယ်"

"ကဲ ယူပါ မြတ်ရယ်"

"ဟုတ်ပါပြီး.... ကျေးဇူးများကြီးတင်ပါတယ်ကိုရယ်"

"ဟူး မိန်းမရယ် ကိုကလေ မင်းနဲ့အတူတူ ရှိနေရရင် ကျန်တာ မလိုအပ်ပါဘူးကွာ.... ဘာမှ စိတ်ထဲ ထည့်မနေနဲ့ နော်ဟုတ်ပြီးလား"

"ကျေးဇူးတင်ပါတယ် ကိုရယ်"

ကျောင်းသွားအပ် ကားပေါ်တွင်...

"မိီးလေး fighting နော် ဒီတစ်နှစ်ပဲကျန်တော့တယ်" လို့ သမီးလုပ်သူကို ဖအေက အားပေးနေတော့သည်။

"ဟုတ် ဒယ်ဒီ"

ဒီလိုနဲ့ ကျောင်းသို့ရောက်သောအခါကျွန်မ လုံးဝမထင်မှတ်ပဲ လုံးဝမေ့မရ ခဲ့သော မျက်နှာနဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရပြီးအင်မတန် တုန်လှုပ်သွားခဲ့တော့သည်။ထိုကောင်လေး ရဲ့ ဟန်ပန် တွေက အစ သူနဲ့တထေရာတည်းဖြစ်နေသည်ကိုလည်းကျွန်မ သတိထားမိလိုက်ပါသည်။

(၅)ရက်ကြာပြီးသော ညနေစာထမင်းဝ်ိုင်းတွင်

"သဲလေး ကျောင်းအဆင်ပြေရဲ့လား ဆရာတွေကော ဘယ်လိုလည်းနားလည် ရဲ့လား " လို့ ကျွန်မလည်း သမီးလုပ်သူကိုမေးတော့သည်။

"ဟီး နားလည်ပါတယ် မာမီရဲ့ သမီးက ဆရာတွေရဲ့ အချစ်တော်လေးလေ ဟီးဒါပေမဲ့ လေ မာမီ သမီးကျောင်းမှာ သနားမိတဲ့ဆရာတစ်ယောက်ရှိတယ် " လို့ သမီးဆီကကြားလိုက်ရတော့သည်။

"ဘာလို့လည်း သမီးရဲ့ စီးပွားရေးအဆင်မပြေလို့လားဆရာက" က ကိုကျော်မင်းငြိမ်းကမေးတော့ သမီးက ခေါင်းလေးခါလျှက်

"ဟုတ်ပါဘူး ဒယ်ဒီကလည်း..ချမ်းသာတဲ့ပုံပါ၊အသက်သာ (၆၀)ကျော်နော ်ဆရာက လုံးဝ အလန်းသန့်နေရော..သမီးကိုတောင် အခြားကျောင်းက ဆရာ ဆရာမတွေက သမီးတို့ကို သားဖ လားထင်ကြသေးတယ်" လို့ သမီးပြောတော့ကျွန်မ စိတ်ထဲ အနည်းငယ်တော့ ထင့်သွားတော့သည်။ဒါပေမဲ့လည်း ဘာမှ မဟုတ်လောက်ပါဘူး ထင်ခဲ့သည်။

ငယ်ချစ်ဦး(Childhood's Beloved Flame)Where stories live. Discover now