ဆုံမှတ်(၂၃)

2.5K 113 2
                                    

ကိုယ်ဒုက္ခကိုယ်ရှာသလို ဖြစ်နေပြီး ကျသွားတဲ့ ပစ္စည်းတွေကလည်း ကောက်မရ၊အေးအေးကလည်း တော်ရုံနဲ့ ပြန်ပေါ်မလာနေချိန် ကျွန်မ အရှေ့ကို ရောက်ချလာသူက ဆရာ။သူနဲ့ ကျွန်မ နဲ့ရဲ့ တိုက်ဆိုင်မှုတွေ ရေစက်တွေကို ကျွန်မ သိပ်အံ့သြတယ်။ သူ လည်း ကျသွားတဲ့ ပစ္စည်းတွေကို ကောက်ပေးရင်း သေချာကြည့်တော့မှ ကျွန်မ ဖြစ်နေတဲ့အတွက် ပိုအံ့သြနေပုံ

"ဟာ...မြတ်"

ကျွန်မ လည်း ဆရာကို ပြုံးပြုံးလေးနှင့်ကျေးဇူးတင် စကားဆိုခဲ့တော့သည်။

"ကျေးဇူးတင်ပါတယ် ဆရာ..ပစ္စည်းကောက်ပေးတာ" လို့ ပြောရင်း သူ အကြည့်တွေက ကျွန်မ ဝှီးချဲပေါ် ရောက်လာတော့သည်။ထိုနောက် မျက်နှာ တစ်ချက်ပျက်သွားတော့သည်။

"ခြေထောက်တွေက.." လို့ ကျွန်မ ကို အသံတုန်တုန်ရီရီလေး မေးတော့သည်။ထိုချိန် အေးအေးတစ်ယောက်ပြန်ရောက်လာတော့သည်။

"မမမြတ်..အဆင်ပြေရဲ့လား"

"ပြေပါတယ်အေး"

ထိုချိန် ကျွန်မ နားမှာ ရပ်နေတဲ့ ဆရာကို အေးအေး မသိပေ။

"အသိလားမမ"

ဆရာရဲ့ အကြည့်တွေက ကျွန်မ ရဲ့ ခြေထောက်များနှင့် ဝှီးချဲ ပေါ်မှာ ပဲရှိနေသေးပြီး သူမျက်လုံးထဲတွင် ကျွန်မကို သနားစိတ်များ ဖုံးလွှမ်းနေသည်ကို ကျွန်မ သတိထားမိပါသည်။

"အင်းး မသိဘူးအေး၊ သွားရအောင်လေ"

လို့ ကျွန်မ လည်း အေးအေး မေးခွန်းကို ရင်နာနာနဲ့ ငြင်းပြီး ထွက်လာတော့သည်။ကျွန်မ သာ အသိပါလို့ ဖြေခဲ့ရင် အေးအေး ကနေ တဆင့် မိဘတွေနား ရောက်ပြီးဆရာဆိုတာ တန်းသိပြီး ကျွန်မ ကိုအဝေး ထပ်ပို့နိုင်တာကို ကျွန်မ ကောင်းကောင်းသိနေလို့ ပါ။နောက်တစ်နေ့ မနက် ကျွန်မ ဆီ မနက် အစောကြီး ဖုန်းခေါ်သူမှာ လဲ့လဲ့ ပင်ဖြစ်သည်။

"မြတ်ရေ..နိုးပြီးလား သူငယ်ချင်း"

"နိုးပြီး လဲ့ရေ၊ ဒီနေ့ ငါ ဒီဘဝကနေ ကျွတ်ပြီးလေ" လို့ ကျွန်မ လည်း ပြောတော့ သည်။

"ဟဲ့ မြတ်ရယ် ဝမ်းသာလိုက်တာ၊ ဒါဆို နင် ငါကို ကူညီပေးလို့ရပြီး ဟီးဟီး" လို့ ကျွန်မကို လဲ့လဲ့တစ်ယောက် ရယ်၍ အကူညီတောင်းတော့သည်။

ငယ်ချစ်ဦး(Childhood's Beloved Flame)Where stories live. Discover now