လေဆိပ်ရဲ့ ကော်ဖီဆိုင်တွင်...
"ဆိုပါဦး နင်တို့က ဘယ်လိုသိလဲ ငါလာမဲ့ရက်"
"ငါအခု နင်တို့ အိမ်မှာနေနေတဲ့ နင် တို့ ဝမ်းကွဲ ညီမ ကို ဂိုက် လုပ်ပေနေတာ အဲဒါ ဦးလေးက နင်ကိုသွားကြိုပေးကြပါ သူငယ်ချင်းတွေ လို့ ပြောလို့ သူတို့က လှမ်းအကြောင်းကြားပြီ လာကြိုတာ" လို့ ဆရာမကြီး သရဖီ က ထပြောတော့သည်။
"အေးဟာ ငါလည်း နင်တို့ကို ဆက်သွယ်ပါသေးတယ် ဒါပေမဲ့ လုံးဝ ဖုန်းတွေက ခေါ်မရတာ ငါသတိရပါတယ်ဟာ ဒါနဲ့ နင် က ဘယ်မှာဆရာမလုပ်နေတာလဲ"
"အစိုးရကျောင်းကတော့မဟုတ်ပါဘူးဟာ ပုဂ္ဂလိက ကျောင်းကပါ တစ်နည်းပြောရရင် ငါတို့ တက်ခဲ့တဲ့ ကျောင်းပဲပေါ့အမေကို တစ်ဖက် တစ်လှမ်းက ရှာဖွေပေးချင်းတာနဲ့"
"ဟယ် ဟုတ်လား နင်တို့ကကော်"
"ငါကတော့ ဟီး fish year အောင်သေးဘူး"
"ငါက KBZ bank မှာ အလုပ်ဝင်နေပြီး အဝေးသင် Finalဆိုတော့"
"ကောင်းပါတယ် အားကျပါဘိအေ"
"မြတ်ရယ် နင်ဒီလောက် ပြောင်းလဲ သွားမယ်လို့ ငါမတွေးထားဘူး"
"ဘာလဲ တစ်အား လှလာတယ်မလား"
"စိတ်ညစ်တယ်"
" မြတ် နင်လေ တစ်အားရင့်ကျက်နေတယ် လူကြီးပုံအရမ်းပေါ်နေတယ် စကားပြောတာဆိုတာ"
"မငယ်တော့ဘူးလေ ၂၂နှစ်ရှိနေပြီး"
"ဒီမှာ ဘာလုပ်ဖို့အစီအစဉ်ရှိလဲ"
"ငါလား.. ငါ သင်တန်းတစ်ခုတတ်ပြီး နိုင်ငံခြားမှာ business Management သွားသင်မလို့ ဘန်ကောက်မှာ ခင်ခဲ့တဲ့ မြန်မာ သူငယ်ချင်း မိန်းမလေးနှစ်ယောက်ရှိတယ်နမည်က သင်းရနံနဲ့ သက်လင်း တဲ့ သူတို့ တတ်နေတဲ့ကျောင်းရှိတယ် အဲမှာ သွားတတ်မလို့"
"ဟဲ့ ချက်ချင်လား"
"တစ်ပတ်လောက်တော့ ကြာမယ်ထင်တယ်"
"ဘယ်မှာလဲ ကျောင်းက ရန်ကုန်မှာလား"
"ဂျပန်"
ဆရာ ဂျပန်မှာ ရှိနေတာကို သိတဲ့ သုံးယောက် ပြာထွက်သွားသည်။
YOU ARE READING
ငယ်ချစ်ဦး(Childhood's Beloved Flame)
Short Storyအချစ်ဦး ရှိခဲ့ရင် နားလည်နိုင်မယ်ထင်ပါတယ်