လှော်ကားသို့ ရောက်သောအခါ ကျွန်မလည်း မလွတ်မလပ်၊ဆရာလည်း ထိန်းထိန်းသိမ်းသိမ်း နေနေရတာကို ကျွန်မ သတိထားမိပါတယ်၊ဒါအပြင် ကျန်တဲ့သူငယ်ချင်းတွေ ကို ကျ စကားတွေပြောမျက်လုံးတွေမရှောင်ပေမဲ့၊ ကျွန်မကို အကြည့်တွေရှောင်စ ကားလည်း ထင်သလောက်မပြောသော ဆရာကြောင့်ကျွန်မစိတ်လဲမကောင်းသလို တော်တော် စိတ်ပျက်မိသွားသည်။ဒီလိုနဲ့ ကျွန်မ မျက်နှာ ပျက်နေသည်ကိုလည်း အကုန်လုံးရိတ်မိကြသည်။
"ငါတို့ ဟိုနားက ဒန်းလေးသွားစီးရအောင်" လို့ သရဖီက ဦးဆောင်က ပြောတော့သည်။
"အား...အေး သွားမယ်လေ မမသီတာ ကို သမီးတွန်းပေးမယ်လာ မမ" လို့ လဲ့လဲ့ကလည်း အထာနပ်တဲ့သူပီပီ ဝင်ပါတော့သည်။
"လာ သရဖီ နင် ကို ငါတွန်ပေးမယ် ဒန်းက (၄)ခုပဲ ရှိတော့ နှစ်ယောက်ဆီ စီးမှ အဆင်ပြေမှာ..." ဟု အင်ကြင်းကလည်း အဖွဲ့ခွဲတော့သည်။
ထို အချိန် မမသီတာ မှ
"ကိုကိုကြီးက ဟိုကလေးမလေးကို တွန်းပေးလိုက်"
ထိုစကားကြောင့် ကျွန်မ တို့ အကုန်လုံး အံ့သြသွားသည်။
"ဟာ မဟုတ်တာ သီတာကို အကိုကြီး တွန်းပေးမှပေါ့""ကိုကြီး မတွန်းနဲ့ လဲ့လဲ့ ပဲ တွန်း... မရဘူး"ဆို၍ ငိုသံကြီးဖြင့် ပြောလေသည်။
"ခက်တာပဲကွာ"(ခပ်တိုးတိုးဖြင့်)
ဆရာစကားများကြောင့် ကျွန်မ စိတ်မကောင်းဖြစ်ခဲ့ရတော့သည်။ကျွန်မ သိလိုက်ရတာတစ်ခုက ဆရာ ကျွန်မ ကို တော်တော် ခါးခါးသီးသီးဖြစ်နေခြင်းကိုပါ။
"ရတယ် ဆရာ သမီး မစီးဘူး သမီး ဒီ ထိုင်ခုံမှာပဲ ထိုင်နေမှာဟဲ့ နင်တို့ သွားစီးကြ သွား မမသီတာ သေချာကိုင်နော်ပြုတ်ကျ မယ်..."
"အကိုကြီးက လူဆိုးကြီး" လို့ မမသီတာက ဆရာကို စိတ်ကောက်သွားတော့သည်။
"ကဲ..အဲဆိုလည်း လာပါ ဒို့တွေပဲ သွားစီးကြမယ်.." ဟုပြီး အကုန်ထွက်သွားကြသည်။သူတို့ ထွက်သွားသည်နှင့် အတူ ဆရာပါ သူတို့နောက် လိုက်သွားသည။
YOU ARE READING
ငယ်ချစ်ဦး(Childhood's Beloved Flame)
Short Storyအချစ်ဦး ရှိခဲ့ရင် နားလည်နိုင်မယ်ထင်ပါတယ်