ဆုံမှတ်(၂၅)

3.4K 122 3
                                    

ဒါပေမဲ့လည်း ဆရာနဲ့ကျွန်မ အဲနေ့က အချစ်နယ်ကို သိသိသာသာ ကို ကျွန်ခဲ့ကြသည်။ဒါပေမဲ့ ဆရာ သက်ပြင်း များချနေသည်ကို ကျွန်မ သတိထားမိခဲ့သည်။

သို့သော်ကျွန်မ ဆရာရဲ့ရင်ခွင်ထဲမှာ ခိုနေမိတော့သည်။

"ဆရာဝန်ခံစရာရှိတယ် သမီး"ဆရာစကားကြားလိုက်တာ ရင်ထဲ ဖိုသွားသည်။

"ဘာကိုလည်းဆရာရဲ့ မြတ်ကို ပြောလေ"

"ဆရာ..သမီးကို အရမ်းသတိရနေခဲ့တာပါ"

"သမီးကောပဲ၊ ဆရာကို အရမ်းလွမ်းတယ်"

"ဒါပေမဲ့လေ.."

"အင် ဘာဖြစ်လဲ ဒါပေမဲ့"

"ဆရာ အမှားတစ်ခု လုပ်မိခဲ့တယ်"

"အမှား"

"အင်း"

"ဘယ်လို ဆရာပြောတာ သမီးမရှင်းဘူး"

"ဆရာ လွန်ခဲ့တဲ့ ၁နှစ်က ဆရာ.ကျွူးလွန်ခဲ့တဲ့ အမျိူးသမီးတစ်ယောက်ကို ဆရာလက်ထပ် ခဲ့တယ် အခု သူက ကလေးမွေးတော့မှာ ဒါပေမဲ့ ဆရာ သူကို မချစ်ဘူး သမီးကိုပဲ"

"ဆရာ လာနောက်နေတာလား နောက်တီးနောက်တောက်နဲ့ဒါ နောက်စရာကိစ္စမဟုတ်ဘူး ဆရာ"

"တကယ် ပါ သမီးရယ် ဒါပေမဲ့ ဆရာတို့က လင်မယားအရာ မမြောက်ခဲ့ပါဘူး ဆရာချစ်တာ သမီးကိုပဲ" ဆရာရဲ့ စကားကြောင့် ကျွန်မ ခေါင်းတွေပိုရှုပ်ကုန်တော့သည်။

"မဟုတ်ဘူး...ဆရာဒီစကားတွေက နောက်နေတယ်ပဲပြောပေးပါ။လင်မယားအရာ မမြောက်ပဲ အဲဆို ဘယ်က ကလေးရတာလဲ ဆရာ ရူးနေပြီးလား ဒါဆ်ို အစတည်းက အမှန်ပြောခဲ့လေ အခု ဒီ
အခြေအနေရောက်ပြီးတော့မှ"

"ဆရာ တောင်းပန်ပါတယ် သူကလေး မွေးပြီးရင် ဆရာတို့ကကွာရှင်းမှာပါ သူလည်း ဆရာကိုမချစ်ဘူး၊အခြေအနေတစ်ခုကြောင့်သာ အဲကျ သမီးနဲ့ လက်ထပ်...." လို့ ဆရာကကျွန်မကို သူအခြေအနေရှင်းပြတော့သည်။

"မယားငယ်မ လို့အခေါ်မခံနိုင်ဘူး.."ကျွန်မဆရာကို လွန်စွာ မြတ်နိုးခဲ့သမျှ အခုတော့ သဲထဲ ရေသွန်ဖြစ်ခဲ့ရလေပြီး ဖြစ်သည်။

"ဆရာ ရှင်းပြခွင့်ပေးပါ"

"ဆရာ ကျွန်မ ကားပေါ်က အခုဆင်း" လို့ ကျွန်မ ငိုသံနဲ့ နှင်ချတော့သည်။

ငယ်ချစ်ဦး(Childhood's Beloved Flame)Where stories live. Discover now