ဒီလိုနဲ့ နောက်တစ်နေ့ကျောင်းအရောက်တွင်ကျောင်းသို့ ကျွန်မတို့(၄)ယောက် အစောဆုံးရောက်၍ စကားထိုင်ပြောကြလေသည်။ထိုအချိန် ယွန်းယွန်း သူ့သူငယ်ချင်းများနှင့် အခန်းထဲသို့ဝင်လာလေသည်။
"ဟဲ့မြတ်နိုး..."
" နင် နဲ့ငါဘာမှပြောစရာမရှိဘူးထင်တယ်..."
"နင် ကို မတွေ့ရတာ ကြာ လှပြီးမို့လာတွေ့တာပဲ..."
".နင်ဟာက လာတွေ့တာမှ မဟုတ်ဘဲ လူမိုက် ဆိုဒ်နဲ့ လာပြီရန်စနေတာကိုများ" လို့ လဲ့လဲ့မှာ ကျွန်မ ဘက်က ကာကွယ်ပေးတော့သည်။
"ယွန်းယွန်း နင် ဘာလိုချင် ဘာဖြစ်ချင်လို့ ငါကို အရမ်း မုန်းနေတာလဲ၊ နင် ကို ပြောပြီပြီးပဲ ငယ်ကတည်းက ငါကိုယ်တိုင်တောင်မသိလိုက်တဲ့ ကိစ္စလို့"
"နိုး......နင်ကို မမုန်းပါဘူး ဒါပေမဲ့ နင်ဆီက လိုချင်တာတော့ရှိတယ် နင်ပေးမယ်ဆိုရင်တောင် ငါကမယူပါဘူး ငါက လုယူမှာ" လို့ကျွန်မကို လူမိုက်ပုံနဲ့ ရန်လာရှာတော့သည်။
"ဟဲ့ ငါတို့ အသက်တွေ အခု မှ ၁၄နှစ်ပဲ ရှိသေးတယ်၊အဲတော့ ငါပြောချင်တာကလေလူရိုင်းဆိုဒ်တွေ လာမချိုးနဲ့" လို့ အင်ကြင်းကပါ ပြောတော့သည်။
"အေးလေ သူကြည့်တော့..."
"ငါကလေ...နင်တို့လို အဆင့်တန်းတွေနဲ့ စကားမပြောချင်ဘူး၊ သူနဲ့တောင် စကားလာပြောရတာ ရှက်နေပြီး၊ နင်တို့တွေရဲ့အဆင့်ကလေ အခု ငါကျောင်းလာရင် လွယ်လာတဲ့ gucci အိတ်လောက်တောင် တန်ဖိုးမရှိဘူး၊ gucci ကများသေးလား...ငါလို ကျူရှင် သွားရင် prada လောက်တောင်...အော် sorry ဘာတွေပြောနေမှန်းရောသိရဲ့လား" လို့ ယွန်းယွန်းကတော့ မာန် ထောင်နေတော့သည်။
"ငါတို့က ကျောင်းကို ကျောင်းနဲ့တူအောင် လာတာ..." လို့ အင်ကြင်းကလည်း ပြန်ပြောတော့သည်။
"တော်ပြီး သူငယ်ချင်းတို့...ဟဲ့ ဒီမှာ ယွန်း ငါနင်ကို နောက်ကျောဓါးနဲ့ထိုးသလို ဖြစ်သွားတာကို သိတယ် အဲကိစ္စက ဒါပေမဲ့ ငါ မသိလိုက်ခင်မှာပဲ လူကြီးတွေ စီစဉ်တာ သူငယ်ချင်း...နင် လိုချင်တယ် ဆိုလဲ ကြိုက်တာ သာယူသွားတော့ ဒါမှ နင်ကျေနပ်မယ်ဆို ဒါပေမဲ့ လောလောဆယ် ငါက အေးအေးချမ်းချမ်းနေခွင့်ပြု"
YOU ARE READING
ငယ်ချစ်ဦး(Childhood's Beloved Flame)
Short Storyအချစ်ဦး ရှိခဲ့ရင် နားလည်နိုင်မယ်ထင်ပါတယ်