ကျွန်မ လည်း အပျိုကြီး ဘယ်လိုလုပ်မယ် ဘယ်လောက်ပဲတွေးတွေး၊ကျွန်မ အနားမှာ ရှိနေသူက ကိုကျော်မင်းငြိမ်း။သူ ဇွဲကောင်းစွာနဲ့ဘယ်လို ပဲ ချဉ်းကပ် ချဉ်းကပ်၊ လဲ့လဲ့က ဘယ်လိုပဲအောင်သွယ် အောင်သွယ် ကျွန်မ ဆရာ ကို ဘယ်လိုမှ မေ့မရခဲ့တာအမှန်ပါ။ကျွန်မ ခြေထောက်ပြန်ကောင်းပြီးကတည်းကဆရာ ကို မတွေ့တာ 2 နှစ်ရှိပြီး။ကျွန်မ လည်း အသက် ၃၀နားကပ်နေသလို သူလည်း အသက် ၅၀ နားကပ်ပြီး အဖိုးကြီးအို ပေါက်စလေး ဖြစ်နေမှာ အမှန်။တစ်ခါတစ်လေ ကျွန်မ တွေးမိတယ် အချစ်ဦးရေ ဘယ်များရောက်နေလဲ ဆိုပြီး။ကိုကျော်မင်းငြိမ်း က လူလည် ကျွန်မ မိဘတွေနဲ့ မရရအောင် လာရော၊ခုဆို သူက ဖေဖေ့ညာလက်ရုံးတောင်ဖြစ်နေပြီး။သူက ကျွန်မအပေါ်ကော၊မိဘတွေကလည်း သူကိုသဘောတွေကျ လစာကလည်း တစ်လ တစ်လ ၁၈သိန်းတောင်ရတဲ့ တရုတ် ကုမ္ပဏီရဲ့ မန်နေဂျာကိုး၊ကျွန်မ သူငယ်ချင်း လဲ့လဲ့ လည်း ရုတ်တရက် အိမ်ထောင်ကျပြီး သူမှာလည်း တစ်နှစ်သမီးလေးတစ်ယောက်ရနေပြီး နမည်ကလည်း ဝင့်ကဗျာအိမ်တဲ့ အမေတူသမီး ဖြူဖြူလုံးလုံးလေး၊ကလေးက သူအမေထက် ကျွန်မကို ပိုခင်တွယ်နေတော့တယ်။လဲ့လဲ့ ကလေးမွေးတော့ ခေါင်းကိုင်မိခင်ကျွန်မလုပ်ပေးခဲ့ရတာကို၊ဘယ်လိုပဲ နှစ်တွေကြာ ပြောင်းလဲ ပြောင်းလဲ ကျွန်မရင်ထဲက အချစ်ဦးကို မေ့တဲ့ နေ့တစ်ရက်မှ မရှိခဲ့ဘူး။
ဆရာ နဲ့မတွေ့ရတာ နှစ်နှစ်နီးနီး ပြည့်ဖို့ ၃ လလောက် အလိုမှာ ကျွန်မ ဆီကို ကိုကျော်မင်းငြိမ်းရောက်လာသည်။
"မြတ်.."
"ဟယ်..မလာစဖူး ဆိုင်ကို လာလာ"
"မြတ် ဘာစားပြီးပြီးလဲ"
"စားပြီးပြီး မုန့်တီ စားထားတယ်"
"ဒီနားက ကော်ဖီဆိုင် တစ်ဆိုင်မှာ ကော်ဖီ လိုက်သောက်ပါလား"
"အင်း ရတယ်လေ ၄ခွဲ မှ ကျွန်မ အစည်းဝေး လုပ်မှာ"
"ဟုတ်ပြီးဗျ ခဏပဲ လိုက်ခဲ့ပေးပါနော်" လို့ တောင်းဆိုတော့ကျွန်မ လည်း လိုက်သွားတော့သည်။
ဒီလိုနဲ့ကော်ဖီဆိုင်ရောက်....
"မြတ်.."
"ဟုတ်ကဲ့..ပြောလေ"
YOU ARE READING
ငယ်ချစ်ဦး(Childhood's Beloved Flame)
Short Storyအချစ်ဦး ရှိခဲ့ရင် နားလည်နိုင်မယ်ထင်ပါတယ်