ဆုံမှတ် (၁၉)

4K 132 3
                                    

ဖေဖေ နဲ့ဆရာလည်း ဒီလိုနဲ့ ဝိုင်းဖွဲ့ပြီး စကားတွေပြောနေကြတော့သည်။

"ညီလေး သောက်နော် ကိုကြီးကို အားမနာနဲ့" ဟု ပြောရင်း ဆရာခွက်ထဲကို ဖေဖေ အရက်တွေ ထည့်နေတော့သည်။ဆရာလည်း ဖေဖေ ဖြစ်နေတာရယ်ကြောင့် နေမထိ ထိုင်မသာ ဖြစ်ပြီး နေရထိုင်ရ တော်တော် ခက်နေတော့သည်။

"ကျွန်တော် မသောက်တော့ပါဘူး ကားလဲ မောင်းရဦမှာဆိုတော့.."ဟုဆိုပြီး ဆရာလည်း ငြင်းတော့သည်။

"သောက်စမ်းပါငါ့ညီရာ..မင်းကို တစ်ယောက်တည်း ပြန်မလွှတ်ဘူး အဲလိုဆို.အိမ်က ကားသမားထည့်ပေးလိုက်မယ်" လို့ ပြောရင်း ဖေဖေကတော့ အတင်းတွေတိုက်နေတော့သည်။ဘယ်လိုမှငြင်းမရတဲ့ အခြေအနေကျကမှ ဆရာလည်း လက်ခံလိုက်တော့သည်။သိပ်မကြာခင် ဖေဖေက ဆရာခွက်ထဲ အရက် ထည့်ပေးကာ..

"တစ်ယောက်တည်း ရှိတဲ့သမီးလေးမို့..ငါတို့ သူကို သိပ်ချစ်တာ၊တွေးလည်း တွေးထားပြီးသားပါ အရွယ်ရောက်လို့ အချစ်ရေး ကိစ္စ တွေ ဖြစ်လာခဲ့ရင်လည်း ငါတို့ မရွေးချယ်ပေးဘူး..သူနှလုံးသားရွေးချယ်သူသာ အဓိက ဆိုပြီး.." ဟုပြောရင်း သက်ပြင်း ချလိုက်တော့သည်။ဆရာလည်း ဖေဖေ ဆိုလိုရင်းကို နားမလည်နေချေ။

"အဖေ တစ်ယောက်အနေနဲ့ မပြောသင့်ဖူးဆိုတာ သိပေမဲ့ငါ့ညီနဲ့ သမီး သဘောကျနေကြတာကို အစ်ကို သိတယ်..အင်း သိတယ်" လို့ ဖေဖေ အပြောအောက်မှာ ဆရာလုံးဝ ကို အားနာနေတော့သည်။

"ဗျာ .."

"အင်း ရိတ်မိခဲ့တာတော့ကြာပါပြီး ငါတို့တွေ..တစ်နေ့က မှ အမှတ်မထင် သမီးရဲ့ ဒိုင်ယာရီ စာအုပ်ကို ဖတ်ရင်းမှ​သေချာသိတာ"

"ကျွန်တော် တောင်းပန်ပါတယ် အစ်က်ိုရယ်.."

"နိုး...မင်း မမှားပါဘူး၊ဒါပေမဲ့အစ်ကို အမှန်ပြောရရင် မင်းကို တစ်ခဏ စိတ်အရမ်းဆိုးသွားတယ် စိတ်ရှိတိုင်းသာဆို မင်းကို ဆွဲထိုးချင်တယ် ဒါပေမဲ မင်းက လူကောင်း လူမွန် တစ်ယောက်ဆိုတာရယ် ငါ့သမီးက အရင်စခဲ့တဲ့ဇာတ်ဆိုတာရယ်ငါသိတယ် ညီ အဲကြောင့် ငါ စိတ်ဖြေခဲ့တယ် သူအမေလဲ သိတယ် ဒါပေမဲ့ ကလေးက နေမကောင်းလို့ စိတ်ညစ်မခံစေချင်ဘူး ပြီးတော့ အစ်ကို မင်းနဲ့ အခင်မင် မပြတ်ချင်ဘူးပြီးတော့ လဲ့လဲ့တို့ အုပ်စုကိုလဲတစ်ပတ်ပြည့်ရင် မြန်မာပြည် ပြန်လွှတ်လိုက်မှာ.." လို့ ဖေဖေက ဆရာကို ပြောတော့သည်။ဆရာလည်း အားနာနေရုံမှအပ ဖြစ်နေတော့သည်။

ငယ်ချစ်ဦး(Childhood's Beloved Flame)Waar verhalen tot leven komen. Ontdek het nu