ဆုံမှတ် (၁၂)

2.7K 144 0
                                    

ဒီလို နဲ့ ကျွန်မ တစ်ဖြေးဖြေး ခံစားလိုက်ရတာ အိမ်မက်ကြီး လိုဖြစ်နေသည်။အကြောင်းက ဘေးမှ အင်ကြင်းက နိူးနေခြင်းကြောင့်ပဲ ဖြစ်သည်။

"ဟဲ့ မြတ် ထတော့ လူကြီးတွေက ဘုရားသွားမလို့တဲ့"

"နင်တို့ လုံးဝ စိတ်ဓာတ်နော်၊ ငါ အိပ်မက် ကောင်းကို ဖျက်စီးကြတယ်အယုတ်တမာကြီးတွေ"လို့ ပြောရင်း သူတို့ကို ထုရိုက်နေတော့သည်။

"နင့် အိပ်မက်က ဘာအရေးကြီးလို့လဲ ၊ ဟိုမှာ ဆရာတို့ စောင့်နေတယ် နင်တစ်ယောက် ပဲ ကျန်တယ်" လို့ လဲ့လဲ့ က အလှပြင် ရင်းပြောတော့သည်။

"နင်တို့က အဲဒါကို ငါကို စောစော မနိုးဘူး" ဟု ပြောရင်း မြန်မြန် ရေချိုးတော့သည်။

အလှပြင်ဖို့လည်း နာရီဝက်လောက် အချိန်ယူခဲ့ပြီး ကျွန်မလည်း ဆံပင်ကို နှစ်ဖက် ခွဲစည်းပြီး ကျစ်ဆံမြှီး ကျစ်ပြီး သနပ်ခါးလေး၍ တစ်ထည်တည်း ပါလာတဲ့ မြန်မာဝတ်စုံကို ဝတ်ရင်း လူကြီးတွေ စောင့်နေတဲ့ နေရာကို သွားခဲ့သည်။

အိမ်အောက်သို့ ရောက်သော အခါ ကော်လံကတုံးလေးနှင့် သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့ ဆရာက ကျွန်မကို သေချာကြည့်နေတော့သည်။တစ်ခါမှ ထိုကဲ့သို့မကြည့်ဘူးတဲ့ ဆရာ ရဲ့ အကြည့်တွေ အောက်မှာ ကျွန်မ လည်း ဘယ်လိုနေလို့ နေရမလဲ မသိ ဖြစ်နေတော့သည်။ ကျွန်မတို့ အခြေအနေကို ရိပ်စားမိနေတဲ့ အင်ကြင်းရဲ့ ချောင်းဟန့် သံကြောင့် ဆရာလည်း ချက်ချင်းဆိုသလိုကို

"လာကြ..လာကြ လူကြီးတွေက အရင်သွားနှင့် ပြီး "

ဟု ဆိုပြီး ကျွန်မ တို့ကို အပြင် ထွက်စောင့်ခိုင်းပြီး တံခါးပိတ်ကာ မနီးမဝေးက ဘုရားရှိရာသို့ထွက်လာကြတော့သည်။တစ်လမ်းလုံးလည်း ကျွန်မ ကို တစ်ကြည့်ကြည့်လုပ်နေသည်ကို ကျွန်မ လည်း ခံစားမိခဲ့ကာ ပီတိ ဖြစ်နေတော့သည်။ထိုနောက် ဘုရားဖူးပြီး အပြန် ကျွန်မ တို့လည်းအဝတ်စားများပြန်လဲပြီ း အိမ်ရဲ့ မျက်စောင်းထိုးနားက အလှူ မဏ္ဍပ်တွင် သွားကူညီကြတော့သည်။ကျွန်မ တို့ကို ဆရာ အမေ မြင်သော အခါ

"ဟော ဟိုမှာ အပျိုကြီးတစ်သိုက်လာပါပြီး" လို့ ကျွန်မ တို့ကို စတော့သည်။

ငယ်ချစ်ဦး(Childhood's Beloved Flame)Where stories live. Discover now