ဒီလိုနဲ့ နေ့လည်ကျ ကျွန်မတို့အိမ်အပေါ်ထပ်က ဝါရံတာတွင် လဲ့လဲ့နှင့်ကျွန်မ ထိုင်၍ စကားပြောနေကြစဉ်..
"မြတ် နင် Lipo တွေ အရမ်းမသောက်နဲ့နော်...အားဖြည့်အချိုရည်က သောက်တိုင်း မကောင်းဘူး"
"အေးပါ...အခုက ငါ အားကုန်နေလို့"
"နင်အားက ..ငါကြည့်နေတယ် တစ်နေ့ကို နင် ၃လုံးလောက်သောက်လာတယ် အခုတလော"
"အဲ အားဖြည့်အချိုရည်တွေက ကျောက်ကပ် ထိတယ်ဟဲ့"
"အေးပါဟယ်"
" ဒါနဲ့လေ မြတ် နင် ညက အရမ်းထင်ရှားသိသာလွန်းတယ်၊ နင်ဆရာကိုချစ်နေတာကိုပေါ့"
"ငါလန့်သွားလို့ပါဟာ"
"ငါထိန်းပါလို့ပြောတယ်လေဟယ် အန်တီတို့ ရိပ်မိသွားရင် ဆရာရော နင်အတွက်ရော မကောင်းဘူး မြတ် ပြဿနာရှိနိုင်တယ်နော် နင်"
"ငါတောင်းပန်ပါတယ် လဲ့ရယ် နင်လည်း ငါကြောင့် ပင်ပန်းတယ်"
"ငါက အဆင်ပြေတယ် အင်ကြင်း ကတော့ သဘောကျမှာမဟုတ်ဘူး"
"ငါသိပါတယ် သူလဲ စိတ်ပူရှာတာပေါ့"
"နင်တို့ ဇာတ်က တွေးကြည့်ရင်း ခေါင်းကိုက်တယ်"
"နင်မပြောနဲ့ ငါတောင် အဲကြောင့်မတွေးတော့ဘူး ဖြစ်လာသမျှ မီးစင်ကြည့်ကတော့မယ် ဒါနဲ့ နင် ဘယ်တော့ပြန်မှာလဲ"
"အဖေ ည နေ ရုံးဆင်းရင် ဝင်လာခေါ်မယ်တဲ့"
"အေးပါ ဒါနဲ့ဆရာ ဆေးရုံဘယ်တော့ဆင်းရမလဲမသိဘူး"
"အေးလေ နင်ဖုန်းဆက်ကြည့်လိုက်ပါလား"
"ဆရာ နားပါစေဟယ်"
ပြောနေရင်း ကျွန်မဆီသို့ ဆရာဖုန်းဝင်လာသည်။
"ဘယ်သူတုန်း" လို့လဲ့လဲ့ကကျွန်မကိုမေးတော့ကျွန်မလည်းဖုန်း screen ကို ထောင်ပြလိုက်သည်။
"အသက်ရှည်ဦးမှာပါ.."
"ဟယ်လို ဆရာလား၊သက်သာလား ဆရာ"
"မြတ် ညက သမီးလာသွားတယ်ဆို၊ဆရာက သက်သာပါတယ်"
"ဟုတ်ဆရာ ဆရာသက်သာဖို့ပဲ အရေးကြီးပါတယ်.."
YOU ARE READING
ငယ်ချစ်ဦး(Childhood's Beloved Flame)
Short Storyအချစ်ဦး ရှိခဲ့ရင် နားလည်နိုင်မယ်ထင်ပါတယ်