ဆုံမှတ်(၆)

3.2K 164 6
                                    

ဒီလိုနဲ့ ကျွန်မ တို့ ရဲ့ စကားဝိုင်းလေး စလေသည်။

"ဒီလိုဟာ...သူတနင်္လာနေ့က ဆရာကို ပန်းသီး သွားပေး တယ်မလား အဲဒါ ဆရာက ချေလွတ်လိုက်တော့ ဆရာအဲဒီအတွက် စိတ်မကောင်းဖြစ်သွားတာနေမယ်..ပြီးတော့ သူစားစေချင်လို့ ပြန်ပြီး သစ်သီးဗူး ထားပေတာဟာ...သဘောပေါက်ပြီးလား..."

"အာ....ငါ နားလည်ပြီး လဲ့ နင် မပြောနဲ့တော့" လို့ သရဖီ ထပြောတော့သည်။

ကျွန်မ သေသေချာချာ မသိသောလည်း သူတို့ ပြောတဲ့စကားများကြောင့် ပျော်နေမိပုံခဲ့သည်။ထိုအပျော်သည် မျက်နှာတွင် အထင်းသား ပေါ်နေလေသည်။

" ဟဲ့ ဟိုမှာ မှိုရနေတဲ့မျက်မှာကြီးကိုလည်းကြည့်ကြဦး...အဲကိစ္စ က ထားတော့ သဖက်ခါ စနေ
နေ့ သွားမဲ့ ကိစ္စမှာ ကားမောင်းတဲ့သူ အဆင်မပြေလောက်ဘူး ငါ အဘက သူ အမျိုးတွေဆီ ခဏ သွားလည်မလို့တဲ့"

"ဟယ် အဲတော့ ဘယ်လိုလုပ်မတုန်း၊ငါသွားချင်ပါတယ်ဆို တကယ်ပဲ" ဖေဖေ လိုက်ပို့ ရန်အဆင်မပြေနေတာကို ကြိုသိနေတဲ့ ကျွန်မ စိတ်ညစ်သွားသလို အကုန်လုံး လည်း စိတ်ညစ်သွားကြတော့သည်။ (၅) မိနစ်လောက် စကားဝိုင်းကြီး ငြိမ်သက်ပြီးသောအခါ

" ဟ..ငါ အကြံရပြီး အကြံရပြီး မြတ် ပြီးရင် နင်ငါကို ကျေးဇူးတအားတင်သွားလိမ့်မယ်...."လို့ အင်ကြင်း က သူမ ထုတ်ဖော်တော့သည်။

"ဟဲ့ နင်စကားက ဘာကြီးတုန်း" လို့ လဲ့လဲ့လည်း မေးတော့သည်။

"ငါ က ဆရာအမေနဲ့ အရမ်းရင်နှီးတယ်...ဟဲ့ အရမ်းနော်၊အဲအဖွားက ပုံပြင်အရမ်း ပြောကောင်းလို့ ငါတို့ ကလေးဘဝ တုန်းကလည်းသူ နဲ့ပဲ ည ည သွားနေကြတာ..အဲတုန်းက ဆရာက သင်္ဘော လိုက်နေတာပေါ့."

"နေပါဦး အဲတော့ ဆရာက အရင်က သင်္ဘောသားပေါ့.." အရင်က ဆရာ အလုပ်ကို သိတဲ့အတွက် ကျွန်မ အရမ်း အံ့သြသွားသည်။

"နေကြပါဦး အဲဒါနဲ့ ငါတို့ ကားသမားလိုတဲ့ကိစ္စနဲ့ ဘာဆိုင်လို့လဲ။" လို့ သရဖီက မေးလိုက်သည်။

"ဘာလဲ ..ဆရာကိုများ လိုက်မောင်းခိုင်းမလို့လား" လို့ လဲ့လဲ့ က ပြောတော့ အင်ကြင်းက လဲ့လဲ့၏ လက်ကို အတင်း လက်ဆွဲနှုတ်ဆက်ကာ

ငယ်ချစ်ဦး(Childhood's Beloved Flame)Where stories live. Discover now