ဆုံမှတ်(၉)

2.7K 154 4
                                    

ကျွန်မ တို့နှစ်ယောက်လုံး တစ်ညလုံး နီးနီး စကားပြောကောင်းနေကြရင်း အိပ်ယာထနောက်ကျတော့သည်။သို့ပေမဲ့လည်း ညနေ လာမဲ့ ဧည်သည့် နှစ်ယောက် အတွက် ပြင်ဆင် နေကြသောကြောင့် အလုပ်ရှုပ်နေကြသည်။ သို့သော်လည်း မနက် ၁၁ နာရီလောက်ထိ မထနေတဲ့ ကျွန်မ တို့ကို မေမေလာနိူးတော့သည်။

တံခါး ခေါက်သံ ကြားသဖြင့် သရဖီမှ ထကြည့်လေသည်။

"ဟယ် မထကြသေးဘူးလား...ထတော့လေ...ထထ " လို့ မေမေက ပြောရင်း အခန်းထဲက လိုက်ကာ တွေ ဖွင့်ထားတော့သည်။

"ဟုတ်ကဲ့ အန်တီ၊ကဲ... မြတ်ရေ ကြားတဲ့အတိုင်းပဲ ထတော့..."

"အေးပါ....နောက်ထပ် ၃မိနစ် ပဲ..ခဏ"

"ဟယ် အိပ်ပုတ်မကြီး..." လို့ သရဖီက ကျွန်မကိုပြောရင်း နဲ့ မျက်နှာသစ်ရေမိုးချိုးနေတော့သည်။

ထိုနောက် ကျွန်မတို့သူငယ်ချင်းနှစ်ယောက် ပုစ္ဆာတွက် ထိုင်တွက်နေရင်းကျန်သော သူငယ်ချင်း နှစ်ယောက်ရောက်လာမည့်အချိန်ကို စောင့်မျှော်နေလေသည်။သိပ်မကြာခင်မှာပဲ လဲ့လဲ့ရောက်လာသည်။

"ဟဲ့ အင်ကြင်းက ဒီနေ့ သူမောင်လေး ဆုပေးပွဲ ရှိလို့မလာဖြစ်တော့ဘူးတဲ့.."

"အေး မနေ့ကတည်းက ပြောသွားတယ်လေ..." လို့ သရဖီက ပြောတော့သည်။

"ဟဲ့ ငါမကြားလိုက်ရပါလား..." လို့ ကျွန်မလည်း မကြားတဲ့ အတိုင်း ပြောတော့ ကျွန်မကို ဝိုင်း ထု ကြတော့တယ်။

" ဒါနဲ့ ငါ အဖေဆီက ခွင့်ပြုချက်ရလာပြီး နင်တို့နဲ့ ဒီည အိပ်ဖို့...မနက် ကျောင်းဖို့လည်း အဝတ်စားတွေပါလာတယ်"

"ဟုတ်လား အဲဆိုဒီည ငါတို့ ဟယ်ရီပေါ်တာ ကား ကြည့်မယ်"

"ပထမကားကနေ စကြည့်မှာနော်..."

"နင်တို့က ဟာက လည်း မရိုးနိုင် မခမ်းနိုင်.." လို့ မကြိုက်တဲ့ သရဖီက ပြောတော့သည်။

"နင်တို့လို မက်ဂယ် (မှော်ပညာမသိသော် သူများ အတွက်Harry Potter ကားထဲမှ ခေါ်သော် နမည်)ဒီလိုမျိုး ပညာတွေ နားလည်မှာ မဟူတ်ဘူး" လို့ လဲ့လဲ့ ကစတော့သည်။

ငယ်ချစ်ဦး(Childhood's Beloved Flame)Where stories live. Discover now