ဆုံမှတ်(၁၈)

2.3K 119 2
                                    

"အဖြေထွက်လာတာ ၂ရက်လောက်ရှိပြီး ကျွန်မလဲ သေချာအောင် ထပ်ကြည့်နေတာနဲ့ ပဲ"

"အခြေအနေ ဘယ်လို လဲ ဒေါက်တာ.."

"ကျောက်ကပ် တစ်ခြမ်းယောင်နေတဲ့ sign တွေ တွေ့ရလို့ မသေချာလို့ စစ်ခိုင်းလိုက်တာ ထင်တဲ့အတိုင်းပဲ ကျောက်ကပ် ယောင်နေတယ်၊ဆီးထဲမှာ....ပြည်စ လေးတွေ တွေ့တယ်"

ကျွန်မကော် အမေကော ကြားကြားချင်း လန့်သွားသည်။

"သေချာအောင်တော့ ဒီနေ့ ကျောက်ကပ် သီးသန့် ထပ်စစ်ကြည့်မယ်၊.ကျောက်ကပ် ယောင်ရုံပဲလား တစ်ခုခု လားသိအောင်သမီး ကော် ဘယ်လို ခံစားရသေးလဲ"

"သမီး ထိုင်တာ ၁နာရီလောက်ကြာသွားတာနဲ့ ခါးက မခံစားနိုင်အောင် နာတယ် အမြဲ ရာသီ လာသလို ခါးကြီး ကိုက်တယ်..ကျူရှင် တွေတက် ကျောင်းတွေ တက်နေရတော့ အဆင်မပြေဘူး"

"တစ်ခုခုဆို ဒီမှာ ကုရတာ အဆင်ပြေပါ့မလား ဒေါက်တာ" လို့မေမေက စိတ်ပူရင်း ပြောတော့သည်။

"ဒီမှာ တကယ် ဆေးပစ္စည်းစက် ပစ္စည်းတွေ စုံတဲ့ဆေးရုံတွေတော့ ရှိတယ် တစ်ကယ်လို့ များ တစ်ခုခုဆို ဘန်ကောက်မှာ ကုလဲ ပြသနာမရှိဘူး ...ညီမ ရဲ့ ညီမက ဘန်ကောက် သံရုံးက မဟုတ်လား သူကော် အဆင်ပြေလား"

"ဟုတ် ပြေပါတယ် ဆေးအဖြေက အခု ချက်ချင်း သိရမှာလားဒေါက်တာ..."

"ဆီးစစ်တာ မဟုတ်တဲ့အတွက် ချက်ချင်းသိရမှာပါ ဟိုကကျ ပိုးမွေးနေရတော့"

"အခု စစ်ရတော့မလား ဒေါက်တာ"

"အခု စစ်ရင်လဲ ရတယ် ကယ် ပပ ရေ တစ်ချက် လိုက်ပို့ပေးပါဦး ဓာတ်မှန် ဆရာခန်းကို"

ဒီလိုနဲ့ အဖြေ ရပြီး ဆရာဝန်မ ဆီပြန်ရောက်လာသည်။

"အင်း ထင်တဲ့အတိုင်းပဲ ကျောက်ကပ် တစ်ခြမ်း အခြေအနေမကောင်းတာ"

"ရှင်" ကျွန်မ လည်း အရမ်းအံ့သြပြီး ချက်ချင်းဆိုသလိုဘာမှ မပြောနိုင်တော့ပဲ ငိုပဲငိုမိတော့သည်။

"အဲတော့ ဘယ်လို လုပ်ရမလဲ ဒေါက်တာ"

"ကုရတော့မှာလေ...အဓိက ညီမလေးတို့ကိုဒီမှာဆိုရင် အစစ အရာရာ ကျွန်မ ကူညီပါ့မယ်၊ဟိုမှာကျ ကျွန်မ လဲ သိပ်မပြောတတ်ဘူးရယ်"

ငယ်ချစ်ဦး(Childhood's Beloved Flame)Where stories live. Discover now