အေဒီ ၈၇၅...
ပုဂံခေတ်...
ကျယ်ဝန်းလှတဲ့ မြေနေရာကိုယူကာ တည်ဆောက်ထားတဲ့ အိမ်တော်ကြီးသည် ပုဂံခေတ်မှာတော့ အချမ်းသာဆုံး စရင်းဝင်အဖြစ် သတ်မှတ်နိုင်သော အိမ်တော်ဖြစ်သည်။
ပန်းနံ့သင်းသင်းလေးတွေ..လှပသောပန်းပင်တွေနဲ့ ပြည့်နှက်နေသော အိမ်တော်ကြီးသည် အမတ်ချုပ်ကြီးရဲ့ အိမ်တော်သာဖြစ်သည်။အမတ်ချုပ်ကြီးဆိုသည်မှာ ဘုရင်ပြီးရင် အာဏာအရှိဆုံးအဖြစ်သတ်မှတ်နိုင်သည်။ သြဇာအာဏာနဲ့ပြည့်ဝတာကြောင့် ပုဂံမြို့တော်မှာ နံမည်ကြီးသည်ဟုဆိုရပေမည်။..
နောက်ထပ် နံမည်ကြီးတာကတော့ အရမ်းကို လှပချောမောတဲ့သားတစ်ယောက်ရှိသောကြောင့်ဟုဆိုရပေမည်။.."သခင်လေး.. သခင်လေး.."
"ဘယ်ကြောင့်အော်ခေါ်နေသနည်း.. ကျွနုပ် ရှိစ.."
"သခင်လေး.. အရင်ကလို အပြင်..ထွက်သွားမှာစိုးလို့ပ.."
စိုးရိမ်းတကြီးပြေးလာတဲ့ ငယ်ကျွန် တက်ပု ကို ဘာမှမချေပနေတော့ပေ...
ဟိုအရင်ပတ်က.. အိမ်တော်ကနေ ခိုးကာ အပြင်ကိုလျှောက်လည်ခဲ့သည့်အကျိုးဆက်က နောက်ဆုံး လမ်းပျောက်ခဲ့ရဖူးသည်။ကျွနုပ်နံမည်က နောင် လို့ခေါ်တွင်သည်။ အမတ်ချုပ်ကြီးရဲ့တစ်ဉီးတည်သော သားဖြစ်တာကြောင့် အိမ်တော်မှာသာ အမြဲတမ်းနေခဲ့ရသည်။
အပြင်လောကနဲ့ထိတွေ့ဖူးချင်ပေမဲ့.. အဖရဲ့ တားမြစ်မှုကြောင့် ဘယ်မှမထွက်နိုင်ပေ.."သခင်လေး.. ထမင်းစားတော့မလား.."
"မစားသေးဘူးပ.. ကျွနုပ် စာဖတ်ချင်သေးသည်"
တက်ပုလည်း သခင်လေး ဘေးနားမှာထိုင်ကာ သခင်လေးစာဖတ်နေသည်ကိုသာ ထိုင်၍ ကြည့်နေမိသည်။
သခင်လေးဆိုသည်မှာ ပုဂံမြို့တော်မှာရှိတဲ့ ယော်ကျားလေးတွေပင်မက မိန်းကလေးတွေထက်ပင် အရမ်းကိုလှပလွန်းလှသည်။
ဖြူနုနုအသားအရေလေးကလည်း ကြည်လင်လွန်းလှသည်။ ကြည်လင်သည်ဆိုသည်မှာလည်း စိတ်ထားကောင်းမွန်လှပသောကြောင့်သာဖြစ်သည်။ရှင်းသန့်နေသော မျက်နှာလေးကိုကြည်ခြင်းအားဖြင့် စိတ်ယုတ်မာတစ်စက်လေးမှမတွေ့ရပေ..
ကြင်နာတက်သောနှလုံးသားတစ်စုံသည် အင်မတန်မှ လှပလွန်းလှပေသည်။
YOU ARE READING
ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)
Romance"ဘယ်သူလဲ.. ငါမသိတော့ဘူး.. ငါအရင်က လွန်းအိမ်ဆိုတဲ့ကောင်လေးကိုအရမ်းမုန်းတယ်.. အခု လွန်းအိမ်ဆိုတဲ့ဖြူစင်တဲ့ကောင်လေးက်ိုကျ အထိခိုက်မခံနိုင်လောက်အောင်ချစ်မိနေပြီ.." မဟာသူရိန် "ဉီ.. သားဘယ်လိုရှင်းပြရမလဲမသိပေမဲ့.. သားက လွန်းအိမ်ဆိုတဲ့ကောင်လေးမဟုတ်ခဲ့ပါဘူး...