နေရောင်ခြည်နွေးနွေးလေးသည် အခန်းပြတင်းပေါက်ကနေတစ်ဆင့် ကုတင်ပေါ်က ကောင်လေးနှစ်ယောက်ပေါ်သို့ဖြာကျနေလေသည်။မပူလွန်းပေမဲ့ စူးရှတဲ့အလင်းရောင်လေးကြောင့် သူရိန်တစ်ယောက် အိပ်ရာကနေနိုးလာခဲ့သည်။
သူရိန်တစ်ယောက် အိပ်ရာကနေနိုးလာတော့ရင်ခွင်ထဲက အနွေးလုံးလေးကြောင့် ပထမဆုံးပြုံးမိလိုက်သည်။ အိပ်ရာထထချင်း ချစ်ရသူလေးရဲမျက်နှာလေးကို ကြည့်ရင်းနိုးထလာရတာက သူရိန်အတွက်တော့တစ်နေ့တာပြည့်စုံမှုလေးပင်..
ရင်ခွင်ထဲတိုးဝင်နေတဲ့အနွေးလုံးလေးကို ကြည့်လိုက်တော့ လက်သေးသေးလေးနှစ်ဖက်ကိုသူရိန်ရင်ဘတ်မှာစုထားရင်း အေးချမ်းစွာအိပ်မောကျနေလေသည်။ မနေ့က ခရီးပန်းလာတာကြောင့် ဒီကလေးလေးထက် သူရိန်ကစောနိုးနေလေသည်။
အရင်ကဆိုရင် အိပ်ရာထစမျက်နှာလေးကြည့်ချင်ရင်တောင် အစောကြီးနိုးနေတက်တာကြောင့်မကြည့်ရပေ..အခုတော့ အိပ်မောကျနေတဲ့မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ရင်း ပါးပြင်လေးပေါ်လက်မလေးနဲ့အသာထိပွတ်ရင်း နူညံမှုလေးကိုခံစားမိနေသည်။ နှုတ်ခမ်းသားအိအိလေးကိုထိကပ်မိတော့ ဂျယ်လီတုံးလေးလို့အသည်းယားစရာကောင်းနေတာကြောင့် မနေနိုင်တော့ဘဲ အသာဖိကပ်လိုက်တော့ အိစက်စက်နှုတ်ခမ်းလေးက အမြဲတမ်းနမ်းချင်လာအောင်ဆွဲဆောင်နိုင်လွန်းသည်။
"အွန်းး..အင်း.."
"ပြွတ်....ချစ်စရာလေးကွာ.."
ကလေးငယ်နိုးလာတော့မှာမလို့ နမ်းနေတာကို ရပ်ကာ နောက်ဆုံးတစ်ချက် စုပ်နမ်းလိုက်ပြီး အသာလွှတ်ပေးလိုက်သည်။
မျက်တောင်လေးတွေက လှုပ်ရှားလာကာ.. နှုတ်ခမ်းလုံးလုံးလေးမှ..တိုးညင်းစွာစကားလုံးတွေထွက်ကျလာသည်။
"အင်းးး..ဉီး..နိုးနေတာလား.. ကျွန်တော်အိပ်ရာထနောက်ကျသွားတယ်.."
ချက်ချင်းထထိုင်ပြီး မျက်လုံးလေးတွေကို ပွတ်ကာစကားတွေ ပြောနေတဲ့ကလေးငယ်ကြောင့် သူရိန်လည်း ထထိုင်လိုက်ကာ ကလေးငယ်လက်ကလေးကို အသာဆွဲယူလိုက်ပြီး..
YOU ARE READING
ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)
Romance"ဘယ်သူလဲ.. ငါမသိတော့ဘူး.. ငါအရင်က လွန်းအိမ်ဆိုတဲ့ကောင်လေးကိုအရမ်းမုန်းတယ်.. အခု လွန်းအိမ်ဆိုတဲ့ဖြူစင်တဲ့ကောင်လေးက်ိုကျ အထိခိုက်မခံနိုင်လောက်အောင်ချစ်မိနေပြီ.." မဟာသူရိန် "ဉီ.. သားဘယ်လိုရှင်းပြရမလဲမသိပေမဲ့.. သားက လွန်းအိမ်ဆိုတဲ့ကောင်လေးမဟုတ်ခဲ့ပါဘူး...