part.26

10.8K 783 56
                                    

လွန်းအိမ်လည်း နောက်ကျိနေတဲ့ခေါင်းကြောင့် မျက်လုံးများကိုကြိုစားဖွင့်လိုက်ပေမဲ့ အမြင်အားရုံတွေကအနည်းငယ်ဝေဝါးနေလေသည်။
မီးရောင်ဖျော့ဖျော့လေးသာလင်းနေတဲ့အခန်းကြောင့် ဘယ်ကိုရောက်နေလဲမသိပါ..
အနည်းငယ်လှုပ်ရှားကြည့်ပေမဲ့ ကြိုးများနဲ့ချည်နှောင်ထားတာကြောင့် လှုပ်လို့မရတော့ပေ..

"ဟက်..နိုးလာပြီလား.."

မိန်းမတစ်ယောက်ရဲ့အသံမလို့ လွန်းအိမ်လည်းဖြေးဖြေးချင်းမော့ကြည့်လိုက်ချိန်..အနီရောင်စကတ်အတိုနဲ့ ခုံမှာထိုင်နေသောမိန်းကလေးတစ်ယောက်.. ဆေးလိပ်တစ်လိပ်ကိုသောက်ကာ လွန်းအိမ်ကို မလိုလားစွာကြည့်နေလေသည်။ခြောက်ကပ်နေတဲ့ပါးစပ်ကြောင့် လွန်းအိမ်ရုတ်တရက်အသံမထွက်နိုင်ပေ...

လွန်းအိမ်လည်း ပါးစပ်ကိုအားယူကာ..

"ဘယ်သူလဲ..ကျွန်တော်ကိုဘာလိုဖမ်းလာတာလဲ..."

"ငါ..ဘယ်သူလဲ..ဟုတ်လား.. ဟက်..နင်ကသေတော့မှာဆိုတော့..ပြောပြရမှာပေါ့.."

ထိုမိန်းကလေးသည် ဆေးလိပ်ကိုမီးသတ်ကာ.လွန်းအိမ်နားကိုလျှောက်လာပြီး..
မျက်နှာကိုလက်​ဖြင့် ဆွဲမော့ကာ မေးရ်ိုးကို လက်ဖြင့်အတင်းဖိထားတာကြောင့် အနည်းငယ်နာကျင်လာသည်။လက်သည်းရှည်တွေက..မေးရိုးတစ်လျှောက်စူးနေလေသည်။

"ငါက..မိုးကဗျာ..သူရိန်ရဲအချစ်ကိုပိုင်ဆ်ိုင်ချင်တဲ့လူ... ဘာလိုလဲ..ငါရမဲ့အချစ်တွေကို နင်ကသိမ်းယူထားရတာလဲ.."

လောဘမီးတွေနဲ့ပူလောင်နေတဲ့ထိုမိန်ကလေးသည် လှပနေတဲ့ရုပ်ရှည်လေးရှိပေမဲ့ အကျည်းတန်လွန်းနေသည်။ အချစ်ဆ်ိုတာ လုပ်ယူလို့ရတဲ့အရာမှမဟုတ်တာ..

"ဉီးကမင်းကိုမှမချစ်တာ.. ဘာလိုအတင်းလုပ်ယူချင်နေရတာလဲ.."

လွန်းအိမ်ရဲ့စကားအဆုံး မေးဖျားက်ိုပိုပြီးဖိကိုင်လာကာ ဒေါသထွက်တဲ့ မျက်လုံးတွေနဲ့..

"အားး..သူရိန်က ငါက်ိုချစ်တာ.. နင်လို့ယောက်ကျားလေးကိူချစ်မိသွားမယ်ထင်လား..စိတ်ကူးယဉ်မနေနဲ့.. "

လွန်းအိမ်းလည်း ရူးနေတဲ့လူတစ်ယောက်လို့ဖြစ်နေတဲ့ထိုမိန်းမကိုစေ့​စေ့ကြည့်ကာ..

ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)Where stories live. Discover now