part.51

7.3K 493 11
                                    

"အင့်..ဦး..ကိုက်တယ်.."

သူရိန်လည်းအိပ်ပျော်နေတုန်းဘေးနားကနေလှုပ်နှိုးနေတဲ့ကလေးငယ်ကြောင့် အမြန်ထလိုက်ရသည်။ ခြေထောက်လေးတွေကိုကိုင်ကာနိုပ်နေရင်ငိုချင်နေတဲ့ကလေးငယ်ကြောင့်သူရိန်လည်းစိတ်မကောင်းပါလေ...ကိုယ်ဝန်က ၆လ ကျော်လောက်ရှိလာပြီမလို့..ဗိုက်ကလေးကပိုဖောင်းနေကာ ညဘက်တွေဆိုရင်ခြေထောက်လက်တွေကိုက်ခဲတက်သေးသည်လေ.. ဒီလိုနာကျင်မှုတွေကိုသူရိန်သာခံလိုက်ချင်တော့သည်။

အခုလည်း ခြေထောက်လေးတွေကိုနိုပ်နေတဲ့ကလေးငယ်ရဲ့လက်ကလေးတွေအစားသူရိန်လက်ကြီးကြီးကနေရာယူကာ...

"ဦး..ဆေးပူနဲ့နိုပ်ပေးမယ်နော်..ကလေးငယ်အိပ်ပျော်အောင်အိပ်နော်.."

လွန်းအိမ်ကြောင့်နဲ့ဦးလည်းတော်တော်လေးပင်ပန်းနေလောက်ပြီး.. လွန်းအိမ်ညဘက်တိုင်းအခုလိုခြေထောက်တွေယောင်ပြီးကိုက်တက်သေးသည်။ အဲ့လိုညတွေဆိုရင်..ဦးသည်တစ်ချက်မှမညိုညင်ဘဲစိတ်ရှည်ရှည်နဲ့နိုပ်ပေးတက်သည်။အမြဲတမ်းဆိုတော့ ဦးပင်ပန်းမှာစိုးရိမ်သည်။

"ကလေးကြောင့်နဲ့ဦးပင်ပန်းနေပြီ.."

ကလေးငယ်ရဲ့ခြေထောက်လေးကိုနိုပ်ပေးနေရင်း ခဏရပ်ကာ ကိုယ်လုံးလေးကို အသာနိမ့်ချလိုက်ပြီးကုတင်ပေါ်မှာလှဲအိပ်စေလိုက်တော့ မျက်လုံးဝိုင်းလေးတွေနဲ့မော့ကြည့်လာလေသည်။

"မျက်လူံးလေးတွေမှိတ်ပြီအိပ်တော့နော်.. ဗိုက်ကြီးသည်လေးအိပ်ရေးဝမှ ပေါက်စီလေးလည်းအိပ်ရေးဝမှာပေါ့.."

"ဟုတ်..ဦးလည်းအကြာကြီမနိုပ်ပေးနဲ့နော်.. "

ကလေးငယ်စိတ်ကျေနပ်အောင်ခေါင်းညိမ့်ပြလိုက်တော့ကလေးငယ်သည်မျက်လုံးလေးတွေမှေးစင်းကာအနိုပ်ခံနေလေသည်။ သူရိန်လည်း ခြေထောက်ဖောင်းဖောင်းလေးကိုကြည့်ရင်းအသည်းယားသလိူ ကိုက်ခဲနေတာမြင်ပြန်တော့စိတ်မကောင်းပေ.. ပေါက်စီလေးက ကလေးဗိုက်ထဲမှာတောင်အရမ်ဆော့တာ..အပြင်ရောက်လာရင်တော့ဘယ်လောက်တောင်အဆော့သန့်မလဲမသိပေ.. ပေါက်စီလေးလို့နံမည်ပေးမိတာက ကလေးကိုယ်ဝန်၃လောက်တုန်းက အမြဲတမ်းပေါက်စီဘဲစားချင်နေတာလေ..အခုထိလည်းပေါက်စီမစားဘဲမနေနိုင်တာကြောင့်ဗိုက်ထဲက ကလေးလေးကို ပေါက်စီလေးလို့ပေးလိုက်ခြင်းဖြစ်သည်။

ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)Where stories live. Discover now