part.4

17.5K 1.3K 52
                                    

"သခင်လေး..သခင်လေး.."

"ဗျာ..ဒီမှာဗျ."

ပန်းခြံလေးထဲကနေ အသံထွက်လာတဲ့သခင်လေးကြောင့် ချမ်းလေးလည်း ပန်းခြံထဲက်ိုဝင်လာခဲ့သည်။
သခင်လေး ဆေးရုံကနေ ဆင်းတာ တစ်ပတ်လောက်ရှိသွားခဲ့သည်။ အတိတ်မေ့ပြီးသွားမှ သခင်လေးနဲ့မတူတော့ဘဲ ချမ်းလေးစိတ်ထဲမှာတခြားတစ်ယောက်လို ခံစားမိနေသည်။

ပြီးတော့ အရင်လို့ ရူပ်ရှပ်ခပ်အောင်ဝတ်စားတက်တဲ့သခင်လေးက အခုများတော့ ရိုးရှင်းတဲ့ပန်းကလေးလို့ ချစ်ဖို့ကောင်းလွန်းနေပြန်သည်။

"ချမ်းလေး.. လာလေ.."

အနားကိုရောက်လာတဲချမ်းလေးဆိုတဲ အကိုကြောင့် လွန်းအိမ်လည်း ဖတ်လက်စစာအုပ်ကိုပိတ်လိုက်သည်။ လွန်အိမ်အဖြစ်နဲ့နေရတော့မယ်ဆိုတော့ ဘာဘဲဖြစ်ဖြစ် ဒီဘက်ကမ္ဘာက စကားတွေကိုသေချာလေ့လာရသည်။ စာတွေ.. ပြီးတော့ ချမ်လေးပြတဲ့ရုပ်ရှင်ဆိုလား..ဘာလား..
အဲတာလေးတွေကြည့်ပြီး စကားပြောလေ့လာရသည်။ တစ်ချို့နားမလည်တဲ့အခါချမ်းလေးကို မေးရသည်။
ချမ်းလေးက ကျွန်တော်အတွက်တော့ အားကိုးဖော်လေးပင်..

"သခင်လေး..ဒီနေ့ ဉီးမဟာသူရိန်ကိုသွားတွေရအုံးမယ်.."

"ချမ်းလေး..ကျွန်တော်တို့က အမျိုးတော်တယ်ဆို..အဲ့တာဆိုရင် သခင်လေးလို့မခါ်ပါနဲ့ဗျ.. ပြီးတော့ ကျွန်တော်ထက်လည်း တစ်နှစ်ကြီးတယ်မလား..."

ယဉ်ကျေးချိုသာစွာပြောလာတဲသခင်လေးစကားကြောင့် ရင်ထဲကြည်နှုးသွားရသည်။ အတိတ်မေ့သွားရင် အဲ့လိုဘဲစိတ်သဘောထာတွေပြောင်းလဲတက်သလား ချမ်းလေးမသိတော့ပေ..

"အဲတာဆိုရင်..လွန်းလေးလို့ခေါ်မယ်လေ.."

လွန်းလေးလို့ခေါ်လိုက်တော့ ပါးမို့မို့လေးတွေ မို့တက်လာတဲ့အထိပြုံးကာ ကလေးလေးလို့ခေါင်လေးညိမ့်ပြလာတာကြောင့် ချမ်းလေးလည်းအသည်းယားကာဆံပင်လေးကို ဆွဲဖွမိတော့..

"အာ..တောင်းပန်ပါတယ်လွန်းလေး..မကြိုက်.."

"ကြိုက်တယ်..အကိုချမ်းလေး..ကြီးတဲ့သူက လုပ်တာဘဲအပြစ်မရှိပါဘူး..ဒါနဲ့ အခုက.."

ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)Where stories live. Discover now