part.43

7.7K 527 34
                                    

"နောင်​လေး..."

ရုတ်တရက်ခေါ်လိုက်တဲ့နံမည်ကြောင့်..လွန်းအိမ်စိတ်ထဲမှာ...အံသြသွားရသည်။ ဒီနံမည်ကို ဦးကလွှဲရင် ဘယ်သူမှမသိပေ.. သိအောင်လည်းတစ်ယောက်ကိုမှမပြောခဲ့ဖူးဘူး..ဒါပေမဲ့ အကိုဆက်ကသိနေတယ်ဆိုတော့..အံသြကာ..

"ကိုဆက်က.ဘယ်လ်ိုသိ..အင့်.."

"ညီလေးရယ်.."

ရိုင်းဆက်တစ်ယောက်က.. လွမ်းနေရတဲ့ညီလေးက်ိုဖက်ကာ ငိုရိူက်နေမိသည်။ ဘယ်လိုကံကြမ္မာတွေကြောင့် ပြန်တွေ့နိုင်ခဲ့တာလဲ.. ရိုင်းဆက်ရဲ့ဆုတောင်းကပြည့်ခဲ့ပြီပေါ့..ဒီလိုကြီးပြန်တွေ့ရလိမ့်မယ်လ်ို့ရိုင်းဆက်မထင်ထားတာအမှန်ပင်.. အဲတာဆို ညီလေးလည်း ဝိညဉ်လဲသွားတာလား..

"အကိုတော်..."

"ဟုတ်တယ်..နောင်လေးရဲ့အကိုတော်.."

လွန်းအိမ်တစ်ယောက်တင်းကြပ်စွာပြန်ဖက်ထားမိသည်။ သေဆုံးသွားခဲ့တဲ့အကို့ကို နောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံခွင့်ရခဲ့တယ်..တစ်ချိန်လုံးအတူတူရှိနေတာတောင်..ကိုယ့်အက်ိုမှန်းမသိခဲ့ဘူး..

"ကလေးငယ်.."

"ဟင်...ဦး.."

သူရိန်တစ်ယောက် ပြန်ခါနီးအချိန်မလို့..ကလေးငယ်ကိုရှာဖို့ခြံထဲဆင်းလာချိန်.. နှစ်ယောက်သားဖက်ကာငိုနေကြတဲ့မြင်ကွင်းကြောင့်အံသြကာ လှမ်းခေါ်လ်ိုက်တော့..ချက်ချင်းဆိုသလို..လှည့်ကြည့်လာသည်။မျက်ဝန်လေးထဲကမျက်ရည်စလေးတွေကြောင့် သူရိန်လည်း အနားကိုအပြေးသွားကာ.

"ဘာလိုလဲ..ဘာလိုငိုတာလဲကလေးရယ်.."

"ဟင့်..အကိုတော်ကိုပြန်တွေ့ပြီး.."

"အက်ိုတော်.."

သူရိန်ချက်ချင်းနားမလည်သလိုဖြစ်သွားပေမဲ့..ကလေးငယ်မှာအကိုတစ်ယောက်ရှိတာကိုတော့သ်ိထားပါသည်။ဒါပေမဲ့ ကပ်ရောဂါတစ်ခါကြောင့်သေသွားခဲ့တာမလား..

သူရိန်လည်းအရင်ဆုံး ကလေးငယ်ရဲ့မျက်ရည်လေးတွေကိုသုတ်ပေးလိုက်ပြီး..

"ဘယ်လိုဖြစ်တာလဲပြောပြပါလား.."

"ဟူတ်..အကိုက ရောဂါတစ်ခုကြောင့် သေဆုံးသွားတယ်လို့ဘဲသိထားတာ.. ဒါပေမဲ့ အက်ိုရိုင်းဆက်က ဘယ်လိုလုပ်.."

ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)Where stories live. Discover now