part.28

11.1K 776 58
                                    

"Baby..အဆင်ပြေရဲ့လား.."

"ဟုတ်..မနေ့ကတည်းက ဆေးရုံကိုသွားရမှာ.."

မျက်နှာလေးသိသိသာသာမကောင်းတဲ့ baby​ကြောင့် မင်းဆက်သာလည်း တကယ်ကိုဝမ်းနည်းမိသည်။ မနေ့ညလောက်က သူရဲ့ညီဝမ်းကွဲ ဓားထိုးခံရတယ်ဆိုပြီး ချက်ချင်းလိုက်သွားဖို့ပြင်နေတာကို မင်းဆက်သာမနည်းတားထားရသည်။ ည၂နရီလောက်ကြီးဆိုတော့..မနက်မှသွားကြည့်ဖို့ မင်းဆက်သာမှာ တော်တော်လေးဆွဲထားရသည်။

အခုလည်း အကျီတောင်ကောင်းကောင်းမဝတ်နိုင်တဲ့ကောင်လေးသည် ညီဝမ်းကွဲအပေါ်မှာတော့ တော်တော်လေးချစ်ပုံရသည်။

"ကိုယ်တ်ိုအတူတူသွားကြမယ်လေ.. စိတ်အေးအေးထားနော်.မနေ့က အခြေအနေကိုကောင်းကောင်းကျော်လွှားနိုင်ခဲ့တယ်တဲ့.."

"ဟုတ်..ကျွန်တော်သိပါတယ်.. အခုတော့ လွန်းလေးကိုတွေချင်နေပြီ.."

မင်းဆက်သာကိုယ်တိုင် ကားတံခါးဖွင့်ပေးကာ ကိုယ်တိုင်ကားမောင်းလိုက်ပြီး ဆေးရုံရှိရာဆီကိုမောင်းထွက်လာခဲ့သည်။
ဘေးနားကကောင်လေးကတော့မျက်နှာမကောင်းစွာ တိတ်ဆိတ်နေတာကြောင့် မင်းဆက်လည်း လက်တစ်ဖက်ကို babyလက်လေးက်ိုထိကိုင်ထားလိုက်တော့..အပြုံးယဲ့ယဲလေးဖြင့်.

"ကျွန်တော်အဆင်ပြေပါတယ်...လူကြီး.. "

"ကိုယ်တို့ ခဏနေရင်ရောက်​တော့မယ်နော်.."

"ဟုတ်ကဲ့.."

တ်နရီလောက်ကားမောင်းလိုက်ပြီး အကောင်းစားဆေးရုံရှေ့မှာရပ်လိုက်သည်။ မင်းဆက်သာလည်း babyနဲ့အတူတူဆေးရုံထဲက်ိုဝင်လာခဲ့ပြီး VIP roomထဲကိုဝင်လာတော့..

လက်ကလေးက်ို ကိုင်ကာ မလှုပ်မရှားထိုင်နေတဲသူရိန်ကြောင့်..

"သူရိန်..မင်းကဘာလို.."

သူရိန်လည်း အခန်းထဲကိုဝင်လာတဲ့လူကြောင့်ကြည့်လိုက်တော့ ကလေးငယ်ရဲ့အက်ိုချမ်းလေး..ပြီးတော့မင်းဆက်သာ.

"ချမ်းလေး..လာလေ.."

"ဟုတ်ကဲ့အက်ို.လွန်းလေးက အဆင်ပြေသွားပြီမလား.."

"အခူချိန်ထိတော့ သတိမလည်လာသေးဘူး..."

ချမ်းလေးလည်း လွန်းလေးရဲ့မျက်နှာလေးကိုကြည့်ပြီး ရင်ထဲမှာစို့နစ်နေမိသည်။ အမြဲတမ်း ရယ်မောပျော်ရွှင်နေတက်တဲ့ကောင်လေးကအခုများတော့ အိပ်ရာပေါ်မှာလှဲလျောင်းနေရသည်။

ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)Where stories live. Discover now