part.21

12.8K 909 87
                                    

"Sam..မိုးတိမ်ဆိုတဲ့သူကိုလိုချင်လား.."

"ဟက်..ရရင်တော့ လိုချင်တာပေါ့ကွာ..ဒါပေမဲ့ သူ့bossဆိုတဲ့သူက ဘေးနားကနေအမြဲတမ်းရှိနေတယ်.."

"ငါ နင့်အတွက်ကြံပေးမယ်လေ.. နင်ရဲ့အဓိကအလုပ်က သူကိုသိမ်းပိုက်ပေးဖို့ဘဲ.."

Samတစ်ယောက် မျက်ဝန်းများအရောင်တောက်လာမှုနဲ့အတူ သောက်လက်စအရက်ခွက်ကိုစားပွဲပေါ်ချလိုက်ပြီး...

"Kit..မင်းမှာအကြံရှိလို့လား.."

"ရှိတယ်..ငါပြောပြမယ်..."

မောင်နှမနှစ်ယောက်တိုးတိုးတိတ်တိတ်ပြောရင်းမျက်နှာတွေပေါ်မှာလည်းကောက်ကျစ်တဲ့အပြုံးတွေကအပြည့်ပင်..
လျို့ဝှက်စီစဉ်ထားတဲ့ကိစ္စကိုအောင်မြင်အောင်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တော့သည်။

.............................

"ဒေါက်..ဒေါက်."

"ဝင်လာခဲ့အသည်းလေး.."

"မောင်ကတော့လေ.. "

ရုံးမှာဆိုလည်း bossနဲ့အတွင်းရေးမှုးအဖြစ်နေကြမယ်လို့ပြောထားပေမဲ့ ရှိန်းကတော့မရပေ..အခုလည်းကြည့်.. ဘေးနားလာရပ်ကာစကားပြောမလို့ပြင်နေတဲ့ မိုးတိမ်ရဲ့လက်ကိုအတင်းဆွဲကာ သူပေါင်ပေါ်သို့ထိုင်ခိုင်းလိုက်တဲ့မောင်ကြောင့်..

"မောင်..အလုပ်မှာလေ..ဘယ်လိုဖြစ်နေတာလဲ.."

ပေါင်ပေါ်ကနေအတင်းထဖို့ပြင်နေတဲ့ အသည်းလေးရဲ့ခါးကိုတင်းကြပ်စွာဖက်တွယ်ထားလိုက်ပြီး လည်ပင်းလေးကိုအသာစုပ်နမ်းလိုက်တော့..

"မောင်လို့..မလုပ်နဲ့.."

"ပြွတ်..နမ်းချင်သေးတယ်.."

"တော်ပြီ..လာရင်းကိစ္စတောင်မေ့သွားတယ်.."

"အင်း..ဘာပြောမလို့လဲ.."

"မနက်ဖြန်ကျရင်.. SA ကုပ္မဏီရဲ့နှစ်ပတ်လည်ပွဲတက်ရမယ်.."

"SAကုပ္မဏီ...အဲတာဆ်ု..ဟိုSamဆ်ိုလား..အဲ့ကောင်မ်သားစုပိုင်ကုပ္မဏီပေါ့.."

"ဟုတ်တယ်လေ..ဘာဖြစ်လို့လဲ.."

မိုးတိမ်ရဲ့စကားအဆုံးမျက်နှာပျက်သွားတဲ့ ရှိန်းသည်သေချာပေါက်သဝန်တိုနေသည်မှာသေချာသည်။ မိုးတိမ်ဘ​က်ကတော့ မောင်ကလွှဲရင် ဘယ်သူပေါ်မှာမှ စိတ်ဝင်စားနိုင်မှာမဟုတ်ပေ..ဒါပေမဲ့လည်း ဒီကောင်လေးရဲ့သဝန်တိုမှုကတော့လျော့မသွားပါလေ..

ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)Where stories live. Discover now