ရှိန်း.အိပ်ရာကနေနိုးလာတော့ ဘေးနားကိုလက်ကအရင်စမ်းနေမိသည်။
နေရာလွတ်ကြောင့်ရှိန်းလည်း အိပ်ရာကနေအမြန်ထကာ..
အခန်းပြင်ကိုပြေးထွက်လာခဲ့ပြီး.."အသည်းရေ..အသဲ.."
"မောင်..ဘာလိုအော်နေတာလဲ..ဒီမှာမနက်စာပြင်နေတာကိုး.."
ရှိန်းလည်း နောက်ကျောလေးကိုမြင်ရမှာ ရင်ထဲအလွမ်းတွေပြေကာ အနောက်ကနေခါးလေးကိုပွေ့ဖက်ထားလိုက်တော့သည်။ ရှိန်းအတွက် မနက်မိုးလင်းလာရင် ဒီမျက်နှာလေးကိုကြည့်ပြီးနိုးထချင်တာ..မနက်ပိုင်းမမြင်လိုက်ရတော့ ဘယ်လောက်ထိလွမ်းသွားရလဲ..
"မောင်..ဒီနေ့အလုပ်သွားရမှာနော်..မျက်နှာသစ်အဝတ်စားလဲတော့.."
"ဖက်ထားချင်သေးတယ်.."
မိုးတိမ်ရဲ့ခါးကိုမလွတ်တမ်းဖက်တွယ်ကာ ချွဲနေတဲ့မောင်ကြောင့် လှုပ်လိုမရပေ.. အဲတာကြောင့် လုပ်လက်စကို ခဏရပ်လိုက်ပြီး မျက်နှာချင်းဆိုင်လှည့်ကာ..
"မောင်...ချွဲမနေနဲ့တော့နော်. အလုပ်နောက်ကျနေမယ်.."
"မောင်က CEOပါနော်..မောင့်ကိုဘယ်သူပြောရဲမှာဘဲ.."
" ငါ ပြောရဲတယ်လေ.. အလုပ်နောက်ကျရင် no kissဘဲနော်.."
"ဟာ..အဲလိုတော့မဖြစ်ဘူးလေ..အသည်းအနမ်းလေးမရရင်မောင်သေသွားလိမ့်မယ်..ပြွတ်..ရေသွားချိုးတော့မယ်.."
မိုးတိမ်နှုတ်ခမ်ကိုအလစ်နမ်းကာ အပေါ်ထပ်ကိုပြေးတက်သွားတဲ့မောင်သည် အနမ်းမရမှာစိုးရိမ်နေတဲ့ကလေးလို့ပင်..မိုးတိမ်လည်း ခေါင်အသာခါကာ မောင့်အတွက်ကော်ဖီတစ်ခွက်ဖျော်လိုက်ပြီး မိုးတိမ်ကတော့ ခေါင်းကြည်အောင် လိမ္မော်ရည်လေးဘဲဖျော်လိုက်သည်။
ခဏလောက်အကြာ သန့်ပြန့်စွာဝတ်စားကာ ဆင်းလာတဲ့မောင်သည်..
"အသည်း..မြန်တယ်မလား.."
"ရေရောသေချာချိုးခဲ့ရဲ့လား.."
"ချိုးခဲ့ပါတယ်...အသည်းကလည်း နမ်းကြည့်ပါလား.."
အတင်းမျက်နှာကြီးထိုးပေးနေတဲ့ကောင်လေးသည် အနမ်းလိူချင်နေမှန်းသိနေတာကြောင့် ပါးပြင်လေးကိုအနမ်းခြွေလိုက်ပြိး..
YOU ARE READING
ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)
Romance"ဘယ်သူလဲ.. ငါမသိတော့ဘူး.. ငါအရင်က လွန်းအိမ်ဆိုတဲ့ကောင်လေးကိုအရမ်းမုန်းတယ်.. အခု လွန်းအိမ်ဆိုတဲ့ဖြူစင်တဲ့ကောင်လေးက်ိုကျ အထိခိုက်မခံနိုင်လောက်အောင်ချစ်မိနေပြီ.." မဟာသူရိန် "ဉီ.. သားဘယ်လိုရှင်းပြရမလဲမသိပေမဲ့.. သားက လွန်းအိမ်ဆိုတဲ့ကောင်လေးမဟုတ်ခဲ့ပါဘူး...