ကလေးငယ်ပြေးထွက်သွားတဲ့နောက်ကိုမလိုက်နိုင်အောင်ကြောင်အနေမိသည်။ ကလေးငယ်ကိုသဝန်တိုတဲ့စိတ် ဆုံးရူံးရမှာကြောက်တာကြောင့်စကားလုံးကြမ်းကြမ်းတွေပြောမိလိုက်သည်။သူရိန်ရင်ထဲမှာ..ဘယ်လောက်ထိနာကျင်နေလဲဆိုတာကိုယ်တိုင်သာသိပါသည်။
"ဒီက အသံဖိုင်လေးကိုနားထောင်ကြည့်ပါ..ခဗျား အရာအားလုံးနားလည်သွားလိမ့်မယ်.."
သတိုးလည်း လွန်းလေးနဲ့စကားပြောနေစဉ်သွင်းထားတဲ့အသံဖိုင်လေးကို ထိုလူလက်ထဲလွှဲပေးလိုက်သည်။ သတိုးအသံသွင်းထားတယ်ဆိုတာ နောက်ဆုံးအနေနဲ့ လွန်းလေးရဲ့အသံလေးကိုသိမ်းထားခြင်ရုံသာ အခုတော့ တကယ်လိုအပ်နေတဲ့သူကိုပေးပြီး ဆိုင်ထဲကနေထွက်လာခဲ့လိုက်တောသည်။ အရာရာအဆင်ပြေပါစေ...တခါတလေလည်း..ပိုင်ဆိုင်နေရမှ..အချစ်မဟူတ်ပါဘူးလေ..
သူရိန်လည်း အသံဖိုင်လေးကိုကိုင်ကာ ကားပေါ်သို့တက်လာခဲ့သည်။ ကားပေါ်သို့ရောက်ရောက်ခြင်း ဖွင့်လ်ိုက်တော့...
""ကျွန်တော်နှလုံးသားက အကိုအတွက်နေရာမရှိဘူး.. ကျွန်တော်နှလုံးသားက..ဉီးအတွက်ပါဘဲ"
ဉီးအတွက်ဘဲတဲ့လား.. သူရိန်အပေါ်မှာ ဘယ်လောက်ထိချစ်ပေးပြီး သစ္စာရှိခဲ့သလဲ..သူရိန်အရမ်းမှားခဲ့ပြီ..ကလေးငယ်ကိုရအောင်ပြန်ရှာမယ်...ပြီးရင် ရအောင်ချော့ရမယ်..
ကလေးရယ်..ဉီးအမှားတွေပါ..တောင်းပန်ပါတယ်.."အင့်..အီးဟီး..ဉီး..ဟင့်.."
မှတ်တိုင်လေးတစ်ခုမှာထိုင်နေရင်း လွန်းအိမ်လည်း ဉီးအပေါ်လက်ပါခဲ့မိတာကိုတွေးရင်းနာကျင်နေမိသည်။ ဉီးက လွန်အိမ်ပေါ်မှာစော်ကားလွန်းတယ်.. ဉီးအပေါ်မှာ အချစ်တစ်စက်လေးတောင်လျော့မသွားခဲ့ပါ..ဉီးက ဘယ်လောက်ဘဲအထင်လွှဲနေနေ..လွန်းအိမ်ဘယ်တော့မှမမုန်းနိုင်ပါ..
"ကျစ်..ကလေးရာ..ဘာလိုဖုန်းမကိုင်ရတာလဲ.."
သူရိန်လည်း ဖုန်းကိုအခါခါခေါ်နေပေမဲ့ဖုန်းမကိုင်ပေ.. ဒီကလေးလေး..ဘယ်ကိုများသွားနေတာလဲကွာ.. သူရိန်လည်းနီးစပ်ရာ နေရာတွေကိုလိုက်ရှာပေမဲ့ ဘယ်နေရာမှာမှမတွေ့ရပေ..
YOU ARE READING
ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)
Romance"ဘယ်သူလဲ.. ငါမသိတော့ဘူး.. ငါအရင်က လွန်းအိမ်ဆိုတဲ့ကောင်လေးကိုအရမ်းမုန်းတယ်.. အခု လွန်းအိမ်ဆိုတဲ့ဖြူစင်တဲ့ကောင်လေးက်ိုကျ အထိခိုက်မခံနိုင်လောက်အောင်ချစ်မိနေပြီ.." မဟာသူရိန် "ဉီ.. သားဘယ်လိုရှင်းပြရမလဲမသိပေမဲ့.. သားက လွန်းအိမ်ဆိုတဲ့ကောင်လေးမဟုတ်ခဲ့ပါဘူး...