part.53

7.6K 482 12
                                    

သူရိန်စာအုပ်လေးတွေရွေးနေတုန်း ကလေးငယ်ကိုမတွေ့တာကြောင့်အပြင်ကိုထွက်လာခဲ့သည်။ သိပ်မလှမ်းမကမ်းမှာ..မိန်းကလေးတစ်ယောက်နဲ့အခြေအတင်းစကားတွေပြောနေကြသည်။ ထိုမိန်းမရဲ့ကြမ်းတမ်းတဲ့စကားတွေကိုသူရိန်အရှင်းသားကြားလိုက်ရတာကြောင့် စိတ်ထဲကဒေါသတွေထွက်လာကာ..ထိုမိန်းကလေးအနားကိုအပြေးသွားပြီပါးကိုအားပြင်းပြင်ရိုက်ချပစ်လိုက်သည်။ ကလေးငယ်ရဲ့ပါးနုနုလေးက်ိုတောင်ရိုက်ဖို့ရွယ်ခဲ့သည့်မလား.. ဒီမိန်မကိုသတ်ပစ်ချင်လောက်တဲထိဒေါသကြီးနေမိသည်။

"ဦး..ဘယ်လိူ့.."

လွန်းအိမ်အရိုက်ခံရတာ့မယ်ထင်ပြီး မျက်လုံးလေးမှိန်မိသလိုဖြစ်သွားပေမဲ့ တကယ်အရိုက်ခံလိုက်ရသူက..ရှေ့ကမိန်းကလေးပင်.. ဦးရဲ့အားလည်းပါတာမလို့..ရိုက်ခံလိုက်ရတဲ့မိန်းကလေးရဲ့ပါးပြင်တစ်ခုလုံးယောင်ကိုင်းသွားသည်။

"တောက်စ်..ငါက ဒီကုန်တိုက်ပိုင်ရှင်ရဲ့သမီးဘဲ..နင်တို့ကိုတရားစွဲပစ်မယ်.."

ထိုမိန်းကလေးရဲ့စကားကြောင့် လွန်းအိမ်လည်းလန့်ကာ ဦးရဲ့လက်မောင်းကိုကိုင်ထားလိုက်ပြီး..

"ဦးတောင်ပန်လိုက်ပါနော်..မဟုတ်ရင်..ပြသာနာဖြစ်လိမ့်မယ်.."

ကလေးငယ်လန့်နေတာကြောင့်သူရိန်လည်း မကြမ်းချင်ပါလေ..ဒါပေမဲ့ ဒီမိန်မကိုတော့ကြောက်စရာအကြောင်းမရှိပေ..ပြီးတော့ဒီကုန်တိုက်က.. သူရိန်ရှယ်ယာအများဆုံးပါဝင်ထားတဲ့ကုန်တိုက်ပါ..မကျေနပ်ရင်..ဒီပိုင်ရှင်ကိုပါဖြုတ်ချနိုင်သည်။.

ဖုန်းနံပါတတ်တစ်ခုကိုဆက်လိုက်ပြီး..

"ဦးဘုန်းမြတ်နိုင်..အခုချက်ချင်းဒီနေရာကိုလာခဲ့.."

"ရှင်..ကျွန်မအဖေကို.."

"သိချင်ရင်ခဏလေးစောင့်.."

ခဏလောင်အကြာအသက်ကြီးကြီးလူတစ်ယောက်ပြေးလာလေသည်။ ထိုလူကြီးသည်မိန်းကလေးရဲ့အဖေဖြစ်ပုံရသည်။

"ဦးမဟာသူရိန်..ဘာများဖြစ်လို့လဲဗျ.."

"ဒါက..ခဗျားသမီးလား.."

"ဟုတိ..ဟုတ်ပါတယ်.."

ယွန်းစံလည်း အဖေရဲ့ရိုရိုသေသေပြောစကားကြောင့်ရှေ့ကလူသည်သာမာန်မဟုတ်မှန်းသိလိုက်သည်။

ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)Where stories live. Discover now