part.44

8.1K 552 28
                                    

သူရိန်မျှော်လင့်စောင့်စားခဲ့ရတဲ့နေ့လေးကိုရောက်ရှိခဲ့သည်။ ဒုတိယတစ်ခေါက်ထပ်ပြီးလက်ထပ်ပွဲလုပ်တာပေမဲ့အရင်တစ်ခေါက်နဲ့မတူ ပိုပြီးစိတ်လှုပ်ရှားပျော်ရွှင်နေသလိုပင်.. ကိုယ့်ချစ်ရသူနဲ့မဂ်လာလျှောက်လှမ်းမှာအတူတူလျှောက်ရတာက ဘယ်လောက်ထိကြည်နူးဖို့ကောင်းလိုက်သလဲ..

သူရိန်တို့ပွဲလုပ်တဲ့နေရာသည် ရေကူးကန်ကျယ်ကြီးရှိရာနေရာဖြစ်သည်။ အလှဆုံးနဲ့အခမ်းနားဆုံးဖြစ်အောင် ပြင်ဆင်ထားခိုင်းသည်။ အချိန်စောသေးတာကြောင့် သူရိန်လည်း အပြင်မှာဧည့်ခံနေတာကိုရပ်ကာ ကလေးငယ်ရှိရာ အခန်ဆီကိုလျှောက်လာခဲ့သည်။

အခုတလော ကလေးငယ်က အန်တာတွေ..မအီမသာတွေဖြစ်တက်သည်။ သူရိန်လည်းဆေးခန်းခေါ်သွားချင်ပေမဲ့..ကလေးငယ်က ဆေးရုံဆေးခန်းဆိုရင်..လုံးဝမကြိုက်ပေ..

သူရိန်လည်း..ဖျားနာနေတာမဟုတ်တော့..ကလေးငယ်သဘောကျနေစေလိုက်တော့သည်။ ဒီမနက်လည်း ကလေးငယ်တစ်ခါအန်သေးတယ်လေ...အဲ့တာကြောင့်အခုအဆင်ပြေရဲ့လားသေချာလေးကြည့်ချင်သေးသည်။

"ဒေါက်..ဒေါက်..."

"ဟာ...ဦး."

လွန်အိမ်လည်း အားလုံးပြင်ဆင်ပြီးသွားတော့..မှန်တင်ခုံရှေ့မှာထိုင်ရင်း အချိန်ကိုစောင့်နေလိုက်သည်။ အမေကတော့ဘေးနားမှာထိုင်ရင်းလိုအပ်တာလေးတွေပြင်ဆင်ပေးနေလေသည်။ အခန်းတံခါးခေါက်သံနဲ့အတူအခန်းထဲကိုဝင်လာတဲ့ဦးကြောင့် လွန်းအိမ်လည်းပျော်ရွှင်သွားကာဥိီအနားကိုသွားလိုက်တော့..

"ဦးကလေးလေးကချစ်ဖို့ကောင်းလိုက်တာကွာ.."

အဖြူရောင်သတိုးသားဝတ်စုံလေးနဲ့ကလေးငယ်သည် သူရိန်မျက်လုံးထဲမှာတော့ အလှပဆုံး နတ်သားလေးပင်.. မျက်နှာလေးကအနည်းငယ်နွမ်းသလိုလေးဖြစ်နေတာကြောင့်..

"ကလေးငယ်..နေလို့မကောင်းဘူးလား.."

သူရိန်ရဲ့အမေးကိုကလေးငယ်အစား...ကလေးရဲ့အမေက..

"သားသူရိန်ရေ..ခုနကတောင်အန်သေးတယ်..သားငယ်လေးကို မဂ်လာပွဲပြီရင်..ဆေးရုံလေးခေါ်သွားလိုက်အူံး..အန်တိုင်းလည်းမကောင်းဘူးလေ.."

ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)Where stories live. Discover now