"ကလေးလေးရေ.. အဆင့်သင့်ဖြစ်ပြီးလား.."
"ဟုတ်ကဲ့...ဖြစ်ပါပြီ. ဦး.."
အဝတ်လဲခန်းထဲကနေ ထွက်လာတဲကလေးငယ်.
သူရိန်စီစဉ်ပေးထားတဲ့ဆွယ်တာလည်ပိတ်အဖြူရောင်လေးနဲ့ ဘောင်ဘီအရှည်လေးက ခြေမျက်စိအထက်လောက်လေးဝတ်ထားသည်။ ဖြူအုအုဆွယ်တာလေးနဲ့အပြိုင် ကလေးငယ်နတ်သားလေးလို့ချစ်ဖို့ကောင်းလွန်းလှသည်။
ဒီလိုချစ်ဖို့ကောင်းတဲ့ပုံစံလေးကို ဘယ်သူမှမမြင်အောင်သာဝှက်ထားလိူက်ချင်တော့သည်။"ဦး..ဘာလိုငေးနေတာလဲ.."
"ဟင်..ဦးကလေးလေးကချစ်ဖို့ကောင်းလွန်းလိုကွာ..ဘယ်သူမှမမြင်အောင်သာဝှက်ထားခြင်တော့တယ်.."
"ဦးကလည်း.."
ဦးရဲ့သည်းသည်းကဲကဲစကားကြောင့်ပါးလေးတွေပူလာသလိုပင်. အဲ့လိုစကားလေးတွေနဲ့ချုပ်လိုက်တိူင်း တကယ်ကို ရှက်နေရတာက လွန်းအိမ်ကိုယ်တိုင်ဘဲလေ...
"ဟေး...အသည်းပေါက်လေး..ရှက်မနေနဲ့တော့..ခရီးမသွားရဘဲ ထပ်အိပ်နေရမယ်.."
"အိပ်ရေးဝနေပါပြီ..ဦးရဲ့..ကလေးတို့သွားရအောင်လေ.."
သူရိန်လက်မောင်းကိုတွဲကာအောက်ထပ်ကိုဆင်းနေတဲ့ကလေးငယ်သည် သူရိန်ဘာကိုဆိုလိုလည်းနားမလည်စွာဖြူစင်လွန်းပြန်သည်။ ဒီကလူကြီးသာအချိန်တိုင်းမှောင်မိုက်ပြီးနှာဘူးကြီးဖြစ်နေတာထင်ပါရဲ့..
အောက်ထပ်ကိုရောက်တော့ ခရီးဆောင်အိတ်တွေကိုကားနောက်ခန်ထဲအကုန်ထည့်ထားပြီးသွားပြီး.. driverကလည်းအဆင်သင့်ကားတခါးဖွင့်ကာစောင့်ကြိုနေလေသည်။
"ကလေးလေး..ကုတ်အကျီကပူလိုမဝတ်သေးရင်တောင်..maskလေးတော့တပ်ထားနော်.."
အနက်ရောင်maskလေးတပ်ပေးလိုက်တော့ သူရိန်ကိုမျက်လုံးလေးတွေဝိုင်ကာကြည့်လာပြန်သည်။ မျက်လူံးလေးတွေနဲ့တောင် ကလေးငယ်ရဲ့ချောမောမှုကမလျော့ပါ..သဝန်တိုတက်လွန်းတဲ့သူရိန်သည် ကလေးငယ်ကိုအိတ်ကပ်ထဲဝှက်ထားချင်မိသည်။
"ဦး..ဘာလိုလဲဟင်..ဒါကြီးမတပ်ချင်ဘူး.."
လွန်းအိမ်လည်း မျက်နှာပေါ်ရှုပ်နေရင် ဘာမှမတပ်ခြင်ပါ.. အခုမှထူးထူးဆန်းဆန်းmaskတပ်ပေးနေတဲ့ဦးကြောင့် မော့ကြည့်ကာပြောလိုက်တော့ နဖူးလေးပေါ်ကျရောက်လာတဲ့အနမ်းလေးနဲ့အတူ..
YOU ARE READING
ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)
Romance"ဘယ်သူလဲ.. ငါမသိတော့ဘူး.. ငါအရင်က လွန်းအိမ်ဆိုတဲ့ကောင်လေးကိုအရမ်းမုန်းတယ်.. အခု လွန်းအိမ်ဆိုတဲ့ဖြူစင်တဲ့ကောင်လေးက်ိုကျ အထိခိုက်မခံနိုင်လောက်အောင်ချစ်မိနေပြီ.." မဟာသူရိန် "ဉီ.. သားဘယ်လိုရှင်းပြရမလဲမသိပေမဲ့.. သားက လွန်းအိမ်ဆိုတဲ့ကောင်လေးမဟုတ်ခဲ့ပါဘူး...