"ဉီးရေ..ဉီးလို့..ထတော့လေ..ဒီနေ့ဘုရားသွားမယ်..ပြီးတော့..မိဘတွေဆီသွားမယ်."
ဘေးနားကနေသာလိကာလေးလို့..နှိုးနေတဲ့ ကလေးပေါက်လေးကြောင့်သူရိန်တို့တစ်နေ့တာကတကယ်ကိုပြည့်စုံသွားလေသည်။ ဒီလိုစကားလေးတွေကိုမကြားရရင်..သူရိန်ဘဝကြီးမှောင်မိုက်နေသလိုပင်..အဲ့လောက်ထိ ကလေးလေးက်ိုအရမ်းချစ်ပါသည်။
"ဉီး..ထတော့လေနော်.."
"အင်းး..ထစေချင်ရင်...အာဘွားပေးလေ.."
မျက်လုံးဆက်မှိတ်ထားဆဲဉီးသည်အနမ်းလိုချင်လို့သပ်သပ်ဆက်အိပ်နေခြင်းဖြစ်သည်။ ဒိနေ့ သီတင်းကျွန်နေ့လေးမလို့.. မနက်စောစောကြီးထကာ..ဘုရားကိုဝတ်ပြုပြီး.. စိတ်ကိုကြည်ကြည်လင်လင်ထားသည်။နေ့ကောင်းနေမြတ်လေးမှာစိတ်ကြည်လင်ခြင်းကလည်း.. ကုသိုလ်ထူးတစ်ခုပေ..
လွန်းအိမ်လည်း..အနမ်းမပေးမချင်း ထမဲ့ပုံမပေါ်တာကြောင့် ဉီးရဲ့ညာဘက်ပါးပြင်ပေါ်နမ်းလိုက်တော့ ရုတ်တရက်သွယ်ဖက်လာတဲ့လက်တွေသည် လွန်းအိမ်ရဲ့ခါးပေါ်မှာကျနစွာ..
"ပါးဘဲလား..နှုတ်ခမ်းလေးလည်..နမ်းပါအုံး.."
"ဉီးနော်..အိပ်ရာထခါနီး..ဂျီကျနေရအောင်..ဉီးက ကလေးလား.."
နှုတ်ခမ်းလေးစူထားရင်း စကားတွေအများကြီးပြောနေတဲ့လသာလိကာလေးကြောင့် နှုတ်ခမ်းအိအိလေးကိုနမ်းချင်လာသည်။ သူရိန်လည်းခါးလေးကိုဖက်ထားရမှ အားနည်းနည်းထည့်ကာသူရိန်ပေါ်သို့တင်လိုက်တော့..
"ဉီး..ဘာလုပ်တာလဲ..လန့်သွားတာဘဲ."
"ပြွတ်...အိနေတာဘဲ..ပြွတ်..မွှေးလိုက်တာ..".
လွန်းအိမ်ရဲ့နှုတ်ခမ်းကိုထိလိုက်ခွာလိုက်နဲ့နမ်းနေတဲ့ဉီးသည် ကလေးကြီးကျနေတာဘဲ..လွန်းအိမ်လည်း ဉီးရဲ့အပြုအမှုကြောင့်ကြည်နူးမိသလို..အရမ်းလည်းပျော်မိသည်။
"ပြွတ်..ထတော့နော်.. ကလေးတို့သွားရင်..အရမ်းနေမြင့်သွားအူံးမယ်..".
သူရိန်ရဲ့နှုတ်ခမ်းလေးကိုတစ်ချက်နမ်းကာ ချော့ပြောနေတဲ့ ကလေးငယ်ကြောင့် သူရိန်လည်းအိပ်ရာမှထလိုက်ရတော့သည်။ ကလေးငယ်ဆီကအနမ်းလေးတွေလိုချင်လို့သာသပ်သပ်အိပ်ရာမထသေးဘဲ..ဂျစ်နေတာ..
ဒီကလေးလေးကတော့.ဒီနေ့လေးမှာ.မျက်နှာလေးကိုကြည်လင်နေပြီး.. အရမ်းလည်းပျော်နေပုံရသည်။ သူရိန်တွက်တော့ ကလေးငယ်ပျော်နေတာနဲ့တင်..သူရိန်လည်းပျော်ရွှင်နေမိသားပင်..
YOU ARE READING
ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)
Romance"ဘယ်သူလဲ.. ငါမသိတော့ဘူး.. ငါအရင်က လွန်းအိမ်ဆိုတဲ့ကောင်လေးကိုအရမ်းမုန်းတယ်.. အခု လွန်းအိမ်ဆိုတဲ့ဖြူစင်တဲ့ကောင်လေးက်ိုကျ အထိခိုက်မခံနိုင်လောက်အောင်ချစ်မိနေပြီ.." မဟာသူရိန် "ဉီ.. သားဘယ်လိုရှင်းပြရမလဲမသိပေမဲ့.. သားက လွန်းအိမ်ဆိုတဲ့ကောင်လေးမဟုတ်ခဲ့ပါဘူး...