part.42

8.3K 561 39
                                    

"ကလေးလေး..ဦးတို့ ဝတ်စုံတွေသွားကြည့်ကြမလား.."

"ဟုတ်ကဲ့..သွားမယ်လေ..."

အဖြူရောင်လက်တိုလေးနဲ့ ဒူးဖုံးအနက်ရောင်လေးကိုဝတ်ထားတဲ့ ကလေးငယ်သည် အိမ်ထောင်သည်ဖြစ်နေတာတောင်.. အရမ်းလှလွန်းလှသည်။ ဒါလေးကိုအမြဲတမ်းသဝန်တိုနေရတာကလည်း...သူရိန်တွက်တော့ အလုပ်တစ်ခုပင်...

သူရိန်တို့မြန်မာနိုင်ငံကိုလွန်ခဲ့တဲ့ နှစ်ပတ်လောက်ကပြန်ရောက်ခဲ့တာ.. နောက်နှစ်ပတ်လောက်နေရင်..လက်ထပ်ပွဲလေးကကျရောက်လာတော့မယ်..အရင်တစ်ခါနဲ့မတူညီတာက.. ဒီပွဲလေးက ကလေးငယ်စိတ်ကြိုက်သာပြင်ဆင်ထားခြင်းဖြစ့သည်။ အဆင့်မြင့်hotelတစ်ခုရဲ့ ရေကူးကန်မှာ လုပ်ဖို့စီစဉ်ထားသည်။ ဒီဇိုင်းပိုင်းတွေအကုန်လုံးကိုသူရိန်ကဘဲညွှန့်ကြားထားသည်လေ..

"ဦး.. မနက်စာပြင်လိုက်ရအုံးမလား.."

"မပြင်နဲ့တော့ ကလေး..အပြင်မှာဘဲစားရအောင်လေ.. ပြီးတော့ ဖိတ်စာတွေလည်းဝေရအုံးမယ်မလား.."

သူရိန်ဘက်ကလူတွေကိုဖိတ်စာတွေဝေပြီးပေမဲ့ ကလေးငယ်ဘက်က လူတွေကိုတော့ ဒိနေ့မှဖိတ်စာကမ်းရမည်လေ.. အဲ့တာကြောင့် အဝတ်အစားသွားကြည့်ပြီး. တစ်ခါတည်း ဖိတ်စာပါဝေရအုံးမယ်..

"ဟူတ်..ဦးသဘောလေ. အဲ့တာဆိုသွားကြတော့မလား.."

"အင်း..လာ..ကားထဲဝင်တော့.."

လွန်းအိမ်ဝင်ရမဲ့ကားတံခါးကို ဦးကဘဲအမြဲတမ်း ဖွင့်ပေးတက်သည်။ အဲ့တာကြောင့် လွန်းအိမ်လည်းlove seatမှာဝင်ထိုင်လိုက်ပြီး..ဦးကတော့ ဘေးနားမှာဝင်ထိုင်ကာ.. ကားကိုမောင်းထွက်လာခဲ့သည်။ လက်ထပ်ပွဲရဲ့ကိစ္စတွေအကုန်လုံး ဦးကဘဲ ဦးဆောင်လုပ်ပေးတာမလို့.လွန်းအိမ်အနေနဲ့မပင်ပန်းပါ..ပထမတစ်ခေါက်လက်ထပ်ပွဲကျင်းပတာထက်..အခုတစ်ခေါက်မှာပိုပြီးပျော်ရွှင်ရသည်။

"ဦး..ဒီတစ်ခါလက်ထပ်ပွဲကိုအရမ်းပျော်တာဘဲ.."

"ဟုတ်လား..အရင်တစ်ခါကမပျော်ဘူးပေါ့."

ဦးရဲ့စကားကြောင့်နှာခေါင်းလေးရူံ့မိလိုက်ပြီး..

"ဘယ်လိုလုပ်ပျော်မှာလဲ.. ဦးက ရုပ်တည်ကြီးနဲ့ပြီးတော့ကလေးကိုလည်းစကားကောင်းမပြောဘူး.."

ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)Where stories live. Discover now