"ဦး..ကျွန်တော်.. နေဝင်ဆည်းဆာလေးသွားကြည်ချင်တယ်.."
"ဟင်.. ကလေးသွားချင်လို့လား..ဦးလိုက်ပို့မှာပေါ့.."
"ဟုတ်..မနက်ဖြန်ဆိုရင်ပြန်ရတော့မှာဆိုတော့ ပုဂံကိုလွမ်းနေတော့မှာ.."
ခပ်ဆွေးဆွေးလေးပြောလိုက်တဲ့ကလေးငယ်ကြောင့် သူရိန်လည်း လက်ကလေးကို အသာကိုင်လိုက်ကာ...
"ကလေးသွားချင်တဲ့အခါကျရင် ဦးက နောက်ထပ်လိုက်ပို့ပေးမှာပေါ့.. မျက်နှာလေးညိုးမသွားပါနဲ့ဗျာ.."
လွန်းအိမ်ကို ကလေးတွေလို ချော့မော့နေတဲ့ဦးကြောင့် နှလုံးသားလေးက ခုန်ပေါက်ချင်နေသည်။လွန်းအိမ်တွက်ဆိုရင်..အမြဲတမ်းနွေးထွေးပေးတဲ့ဦးရဲ့ စကားတွေ.. အပြုအမှုတွေသည် လွန်းအိမ်တွက်တော့..အချစ်စီကိုတွန်းပို့နေသလိုပင်..
ဦးအနားမှာနေရရင် အရာရာပြည့်စုံသလို ခံစားရသည်။ တစ်ခါတလေ ကိုယ့်ရဲ့ဘဝမှန်ကိုမေ့နေပြီး ပျော်နေမိသည်။"ကလေး..ဦးတို့သွားကြတော့မလား.."
"ဟုတ်ကဲ့.. သွားကြမယ်လေ.."
"ခဏလေး.. အကျီလက်ရှည်လေးထပ်ဝတ်လိုက်အုံး ညနေခင်းဆိုရင် လေအေးတွေတိုက်တယ်.."
သူရိန်လည်း အကျီလက်ရှည်လေးကို ကလေးငယ်ကိုယ်ပေါ်မှာထပ်ဝတ်ပေးလိုက်ပြီး ပခုံးလေးကိုဖက်ကာ hotelမှထွက်လာခဲ့သည်။
ကလေးငယ်နဲ့အတူတူ ညစာလေးလည်းစားရင်း နေဝင်ဆည်ဆာလေးပါ ကြည့်လို့ကောင်းမဲ့နေရာလေးကိုခေါ်လာခဲ့သည်။အဲ့နေရာလေးက Sunset garden Restaurent လေးပင်..
"ကလေး သဘောကျရဲ့လား.."
"ဟုတ်.. အရမ်းသာယာတယ်ဗျ.."
လွန်းအိမ်လည်း စားသောက်ဆိုင်လေးရဲ့သာသာယာယာရှိမှုလေးကိုအရမ်းသဘောကျမိသည်။ မကြာခင်နေဝင်တော့မဲ့ မြင်ကွင်းလေးနဲ့ လှပတဲ့နေရာလေးသည် တကယ်ကိုလိုက်ဖက်လွန်းလှပါသည်။ပုဂံမြို့ကြီးရဲ့နေဝင်ချိန်လေးသည် လွန်းအိမ်တွက်တော့..လွမ်းမောစရာပင်..
"ကလေး..ဘာစားချင်လဲ.."
"အွန်း..ဉီးကြိုက်တာမှာပေး.."
ကလေးငယ်ရဲ့အပြောကြောင့် သူရိန်လည်း ကိုယ်ကြိုက်တာထက် ကလေးငယ်ကြိုက်တက်တဲ့အစားအစာတွေသာအလေးပေးမှာလိုက်တော့သည်။ကလေးငယ်နဲ့နေစဉ်တစ်လျှောက်လုံး ကလေးဘာကြိုက်တက်လဲဆိုတာတွေကိုအသေးစိတ်ကအစမှတ်သားထားဖြစ်သည်။
YOU ARE READING
ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)
Romance"ဘယ်သူလဲ.. ငါမသိတော့ဘူး.. ငါအရင်က လွန်းအိမ်ဆိုတဲ့ကောင်လေးကိုအရမ်းမုန်းတယ်.. အခု လွန်းအိမ်ဆိုတဲ့ဖြူစင်တဲ့ကောင်လေးက်ိုကျ အထိခိုက်မခံနိုင်လောက်အောင်ချစ်မိနေပြီ.." မဟာသူရိန် "ဉီ.. သားဘယ်လိုရှင်းပြရမလဲမသိပေမဲ့.. သားက လွန်းအိမ်ဆိုတဲ့ကောင်လေးမဟုတ်ခဲ့ပါဘူး...