part.17

13.5K 932 80
                                    

"Baby.. ကိုယ့်ကားနဲ့ဘဲလိုက်လေကွာ.. မဟုတ်ရင် ပင်ပန်းလိမ့်မယ်.."

"ဟင့်အင်း.. ကျွန်တော်က လူတွေအများကြီးနဲ့သွားချင်တာ..လူကြီးဘာသာကားစီးသွားနော်.."

ဒီနေ့က ချမ်းလေးတို့ ပထမဆုံးထွက်ရတဲ့ခရီးလေးပင်.. ပြသာနာက လူကြီးက အေးဆေးလိုက်လို့ရအောင် ကိုယ်ပိုင်ကားနဲ့ခေါ်ပေမဲ့ ချမ်းလေးက လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူတူကားစီးရင်းသွားချင်တာလေ.. လူကြီးရဲ့စေတနာကိုနားလည်ပေမဲ့ ချမ်းလေးက လူတွေအများကြီးနဲ့ ခရီသွားချင်တာလေ..

မင်းဆက်သာလည်း babyပင်ပန်းမှာစိုးလို့ ကုပ္မဏီက စီစဉ်ပေးထားတဲ့ကားနဲ့မလိုက်စေဘဲ မင်းဆက်သာကိုယ်တိူင်သဘောကျရွေးချယ်ဝယ်ထားတဲ့ ကားလေးနဲ့babyကိုလိုက်စေချင်သည်။
သွားရမဲ့နေရာကလည်းတော်တော်လေးကားစီးရမှာမလို့ ဒီလို့ဖြူဖြူသေးသေးလေးပင်ပန်းမှာသေချာသည်။ ဒါပေမဲ့လည်း babyမျက်နှာ အညိုးမခံနိုင်တာကြောင့်..

"ဟုတ်ပြီ. Express carနဲ့သွားကြမယ်..ကိုယ်လည်း babyနဲ့အတူတူစီးမယ်.."

"အဲတာဆို..လူကြီး ပင်ပန်းမှာပေါ့.."

ကိုယ့်အတွက်စိတ်ပူပေးတဲ့ ပုံစံလေးနဲတင် ရင်ထဲမှာ ကြည်နူးမှုတွေပြည့်ဝသွားသည်။ ဒီကလေးလေးနဲ့သာဆိုရင် ဘယ်လောက်ပင်ပန်းပန်း မင်းဆက်သာတိူ့ ပင်ပန်းနိုင်ပါသည်။ဆက်သာစိုးရိမ်နေသည်ကလည်း ဒီအသေးလေးပင်ပန်းမှာစိုးလို့သာ.. babyနဲ့သာ ကားအတူစီးပေးလိုက်ရင်..ဘေးနားကနေအရိပ်တကြည့်ကြည်နဲ့စောင့်ရှောက်ပေးနိုင်သည်လေ..

"ကိုယ့်အတွက်မပူပါနဲ့ကွာ.. ကိုယ်အတွက်တော့ babyပျော်ဖိုက အဓိက... ခဏလေးစောင့်.."

မင်းဆက်သာလည်းbabyကို ခဏစောင့်စေကာ ကားပေါ်က ပစ္စည်းတစ်ချို့ကို သေချာစစ်ဆေးကာ ယူလိုက်ပြီး.. driverကိုလည်း တစ်ယောက်တည်းကားမောင်းစေလိုက်ပြီး ဟိုနေရာကိုအရင်ကြိုသွားခိုင်းလိုက်သည်။
အပြန်ကျရင် babyပင်ပန်းခဲ့ရင် ကားနဲ့ပြန်လို့ရရန် driverကို လိုက်ခိုင်းချင်းဖြစ်သည်။အသွားမှာbabyသဘောကျ​ဖြစ်ပေမဲ့အပြန်ပင်ပန်းတဲ့အခါမှတော့ ကားနဲ့ပြန်လို့ရအောင်စီစဉ်ထားခြင်းဖြစ်သည်။

ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)Where stories live. Discover now