part.47

7.9K 500 15
                                    

ရိုင်းဆက်တစ်ယောက်နွေးထွေးတဲ့အိပ်ရာကြီးကြောင့် အိပ်ရာနိုးနေပေမဲ့မထချင်တာကြောင့်ဘေးနားကဖက်လုံးကြီးကိုဆွဲဖက်လိုက်သည်။
ဒီနေ့ကျမှဖက်လုံးကြီးက ကြီးနေသလိုပင်..
ရိုင်းဆက်လည်း လက်တွေကိုဖက်လုံးအနှံပွတ်ဆွဲလိုက်ရင်း မျက်လုံးဖွင့်ကြည့်လိုက်တော့..အရင်ဆုံးမြင်မိတာက..ကျယ်ပြန့်တဲ့ရင်အုပ်ကြီးပင်..ရိုင်းဆက်ရဲ့လက်ကလည်းထိုရင်ဘတ်ပေါ်မှာတင်ထားသေးသည်။တဖြည်းဖြည်းအပေါ်ကိုမော့ကြည့်လိုက်ချိန်..

"ဖက်လို့ဝပြီးလာအရိုင်းတုံးလေ.."

"လူကြီးမင်း..ခင်ဗျားကြီး..ကျွန်တော်ကိုဘယ်ခေါ်လာတာလဲ..မကောင်းကြံတာလား.."

ရင်ခွင်ထဲကနေအတင်းထွက်ပြီးကုတင်ပေါ်မှာထိုင်ကာ အော်ချင်ရာတွေအော်နေတဲ့ကောင်လေးကြောင့်မနက်စောစောရယ်နေမိသည်။ သတိုးဆိုတဲ့လူကရယ်ဖို့မပြောနဲ့ပြုံးဖို့တောင်မလွယ်ကူပါလေ.. ဒါပေမဲ့ရှေ့ကအရိုင်းတုံလေးရဲ့အမှုအရာကြောင့်ပေါ့ပေါ့ပါးပါးဘဲရယ်မောနေမိသည်။

အခုလည်း စောင်လေးကိုတစ်ကိုယ်လူံးပတ်ပြီးအရှက်သည်းနေတဲ့အရိုင်းတုံးလေးကိုစချင်တာကြောင့် ကိုယ်လုံးသေးလေးက်ိုဆွဲဖက်ကာ ပေါင်ပေါ်တင်လိုက်တော့...

"လူကြီးမင်း..ဖယ်ဗျာ.. မဟုတ်ရင်ထိုးမှာနော်.."

ရိုင်းဆက်ရဲ့စကားကို မကြားသလိုနဲ့မျက်နှာကြီးဖြီးနေတဲ့လူကြောင့်ပိုပြီးဒေါသထွက်ကာ ရင်ဘတ်ကိုထုရိုက်လိုက်တော့ ရိုင်းဆက်လက်တွေကိုဖမ်းချုပ်ကာ..

"အရိုင်းတုံးလေး..လက်တွေနာကုန်တော့မယ်..မင်းလေးမနေ့ကမှုးနေလို့ခေါ်လာပေးမယ်..အဲ့ကလပ်ကကောင်းတာမဟုတ်ဘူးတစ်ယောက်တည်းမထားခဲ့ချင်လို့.."

ထိုလူကြီးရဲ့ရှင်ပြစကားကြောင့် ရိုင်းဆက်စိတ်ထဲအနည်းငယ်တော့ကျေနပ်သွားသည်။ မနေ့က ရန်ဖြစ်တာ..အရက်သောက်တာတော့မှတ်မိပေမဲ့ဒီလူကြီးခေါ်လာတာတော့မသိတော့ပေ.. ရိုင်းဆက်လည်း ထိုလူကြီးမင်းရင်ခွင်ထဲရောက်နေတာကိုသတိပြုမိကာ..

"သိပြီး..အဲ့အတွက်ကျေးဇူးဘဲ..ကျွန်တော်ပြန်တော့မယ်.."

ပေါင်ပေါ်ကနေအတင်းထကာ မွေ့ရာပေါ်ပြန်ထိုင်လိုက်ပြီး ဘေးနားကအဝတ်အစားတွေယူဝတ်နေတဲ့ကောင်ဆိုးလေးကြောင့်.

ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)Where stories live. Discover now