part.32

9K 591 19
                                    

"မောင်..ပင်ပန်းနေပြီလား.."

"မပင်ပန်းပါဘူး..အသည်းရဲ့.. "

မိုးတိမ်တို့ နိုင်ငံခြားကနေ လေယာဉ်စီးလာလိုက်တာ.. အခုတော့မြန်မာနိုင်ငံကိုရောက်လာခဲ့သည်။ တစ်ခါတည်းဘဲ ပြင်ဦးလွင်ကို သွားမှာစိုးတော့.. expess carကိုသာစီးလာခဲ့သည်။ အကောင်းစားbusကိုရွေးစီးလာပေမဲ့ ခရီးပန်နေပြီမလို့ မောင်ကတော့ ပင်ပနနေလောက်ပြီဆိုတာ မိုးတိမ်သိပါသည်။ မိုးတ်ိမ်ကတော့.. အမြဲတမ်းခရီးတွေသွားလာပြန်လိုက်မလို့..သိပ်ပြီးတော့မပင်ပန်းပါ..

"မောင်..ရောက်ဖို့လည်းလိုပါသေးတယ်.. ငါ့ပခုံးပေါ်မှီထားလိုက်နော်."

ရှိန်းလည်းအရမ်းတော့မပင်ပန်းပေမဲ့ နည်းနည်းနွမ်းနေတာကြောင့် အသည်းရဲ့ပခူံးလေးပေါ်ခေါင်းတင်ကာ မှီထားလိုက်တော့သည်။ အသည်းရဲ့လက်ကလေးတွေက ဆံပင်လေးတွေကိုပွတ်ပေးရင်း..

"မောင်အိပ်ချင်ရင်အိပ်လိုက်နော်..ပင်ပန်းနေတာကိူး.."

"မောင်က အဆင်ပြေပါတယ် အသည်းရဲ့.. ခဏလေးဘဲမှီထားမှာ.."

"ဟုတ်ပါပြီ..မောင့်သဘော..."

"အသည်း..အဖိုးအဖွားက ကိုယ့်တို့ကိုသဘောတူလောက်မှာလား.."

"အင်း...သေချာမသိပေမဲ့.. အဖိုးအဖွားက ငါက်ိုချစ်ကြတယ်.. အဲ့တော့ သူတို့လက်ခံပေးလောက်မှာပါ.."

" မောင်တိူ့ကိုသဘောမတူမှာကြောက်နေတာ.."

"အဆင်ပြေမှာပါမောင်ရယ်..ငါတို့အတူတူကြိုးစားကြမှာဘဲ.."

"အင်း..မောင်တ်ို့အတူတူကြိုးစားကြတာပေါ့.."

"ကဲ..ဟုတ်ပါပြီဗျာ..အခုတော့ ဘာမှမတွေးဘဲအနားယူလိူက်နော်..."

"အင်းး.."

ရှိန်းလည်း အသည်းရဲ့ပခုံးလေးမှာမျက်လုံးမှိတ်ကာ ခဏမှေးနေပေမဲ့ အိပ်ချင်လာတဲ့စိတ်ကိုထိန်းမရစွာ အိပ်ပျော်သွားလေသည်။ ရှိန်းကခရီးပန်းရင်အရမ်းအိပ်တက်သည်လေ...

မိုးတိမ်လည်း..မောင်အိပ်ပျော်သွားတော့မှ.. သီးချင်းလေးနားထောင်ရင်း လိုက်ပါလာတော့သည်။

အချိန်၂နရီလောက်ကြာသွားတော့..bossဆီကဖုန်းဝင်လာသည်။ ဒါပေမဲ့မိုးတိမ်ဖုန်မဟုတ်လို့..ကောင်လေးကိုနိုးလိုက်ပေမဲ့...နှစ်ခြိုင့်စွာအိပ်မောကျနေလေသည်။

ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)Where stories live. Discover now