part.45

8.8K 531 24
                                    

"တကယ်​ပြောတာလား..ဒေါက်တာ..ဒါပေမဲ့ကလေးကယောက်ကျားလေးလေ..."

သူရိန်အခုထိမယုံနိုင်သေးပါလေ..ကလေးငယ်မှာကိုယ်ဝန်ရှိနေတယ်တဲ့လား...ကလေးကယော်ကျားလေးတစ်ယောက်မလို့..ဒီလိုအခြေအနေမျိုးကိုမျှော်လင့်မထားဖူးပါ..

"ဟုတ်ကဲ့..ကိုယ်ဝန်ရှိနေပါပြီ.. သေချာမေးမြန်းချင်ရင်တော့..OGနဲ့ပြကြည့်ပါဗျ..ဆေးချိတ်ထားတာကုန်ရင်...ပြန်လို့ရပါပြီ. "

ဆရာဝန်သည်ပြောစရာရှိတာတွေပြောကာထွက်သွားတော့မှ..သူရိန်လည်း ကလေးငယ်ဘေးနားမှာဝင်ထိုင်ကာ..လက်ကလေးကိုကိုင်ထားရင်း..

"ကလေးမှာရင်သွေးလေးရှိနေပြီ..ဦးပျော်လိုက်တာကလေးရယ်.."

လွန်းအိမ်လက်ကလေးကိုကိုင်ကာ မျက်ရည်ဝဲနေတဲ့ဦးကြောင့် လွန်းအိမ်လည်းထပ်တူဝမ်းသာမိသည်။ ဦးကမထင်ထားလောက်အောင်ရင်သွေးလေးရှိလာတာကိုပျော်နေပုံရသည်။ လွန်းအိမ်လည်း ဦးရဲ့လက်ကိုပြန်လည်ကိုင်တွယ်ထားလိုက်ပြီး..

"ကလေးလည်းအရမ်းပျော်တယ်...ပြီးတော့ကလေးက အရင်ထဲကကိုယ်ဝန်ဆောင်နိုင်မှန်းသိတယ့.."

ကလေးငယ်ကကြိုတင်သိနေခဲ့သည်တဲ့လား.. သူရိန်သာသိခဲ့ရင်.ပိုပြီးဂရုစိုက်ပေးခဲ့ရမှာ...

"ဦးကိုဘာလို့မပြောတာလဲကလေးရယ်.."

"ဦးမလိုချင်လောက်သေးဘူးထင်လို့.."

ကလေးငယ်ရဲ့နဖူးလေးကိုအသာအနမ်းခြွေကာ

"ကလေးငယ်နဲ့ကိုယ်ရဲ့ရင်သွေးလေးကိုမလိုချင်ဘဲနေပါမလားကွာ..ဦးအရမ်းပျော်တယ်ကလေးရယ်.."

သူရိန်ရင်ထဲမှာဘယ်လောက်ထိအပျော်တွေလွန်နေသလဲဆိုတာ သူရိန်သာအသိဆုံးပင်...ဒီထက်ပိုပြီး ကလေးငယ်ကိုဂရုစိုက်ရမယ်.ပြီးတော့ကလေးငယ်ရော...ဗိုက်ထဲက အကောင်ပေါက်လေးကိုပါ သူရ်ိန်မှာ..စောင့်ရှောက်ဖို့တာဝန်အပြည့်အဝရှ်ိလာခဲ့ပြီ..

"ဦး..အိမ်ပြန်လို့ရပြီထင်တယ်..ကလေးငယ်သက်သာနေပြီ.."

သူရိန်လည်း သူနာပြုလာဖြုတ်ပေးသွားတဲ့အပ်ကြောင့် ကလေးငယ်ကိုတွဲထားရင်းဆေးရုံကနေထွက်လာခဲ့သည်။ ကလေးငယ်ဗိုက်ထဲမှာအကောင်ပေါက်လေးရှိနေပြီမလို့..သွားသတိလာသတိရှိရမယ်လေ..

ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)Where stories live. Discover now